တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)က ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တပွဲတလမ်း အကဲစမ်းချင်သေးကြောင်း သောကြာနေ့က ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ ပါတီ ထူထောင်ခြင်း၂၂ နှစ်မြောက် အခမ်းအနားမှာ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက ပြောဆိုလိုက် ပါတယ်။
ဒါပေမယ့် NLD က ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ထားတာကြောင့် တစည ပါတီအနေဖြင့် NLD နဲ့ ပြန်လည်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတယ်လို့ ၎င်းက ဆိုသည်။
ဒါ့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နဲ့ မဟာမိတ်လုပ်မှာ မဟုတ်ဘဲ အနိုင်ရရှိရန် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးခင်မောင်ကြီးက ဆိုပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ တစည ပါတီဟာ အာဏာရှင် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်ပါတယ်။
Photo : Reuters




No comments:
Post a Comment