Wednesday, September 29, 2010

လှုပ်လှုပ်ရှားရှား ၂၀၁၀ ပါတီများ

စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ မဲဆွယ် စည်းရုံးရေးဆင်းနေတဲ့
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေနှင့်အဖွဲ့

စက်တင်ဘာလ ၂၉ ရက်နေ့က ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေနှင့်အဖွဲ့ရဲ့ ရန်ကုန်မြို့ မဲဆွယ်စည်းရုံးရေးခရီး။

နအဖ စစ်အစိုးရဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် သူတို့ရဲ့ ကြံ့ဖွံ့ပါတီကို လွတ်လပ်စွာ စည်းရုံးခွင့်ပြုထားပြီး ၎င်းတို့ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

ဒါပေမယ့် အခြား ရွေးကောက်ပွဲဝင်မယ့် အခြားပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေ ကိုတော့ တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ပိတ်ပင်ထားတဲ့အပြင် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေအရ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ "ဘယ်ပါတီမှ မကြိုက်ရင် ဘယ်သူ့ကိုမှ မဲမပေးဘဲ နေလို့ရတယ်" ဆိုတာကို လိုက်လံရှင်းလင်းပြောဆို နေသူတွေကို မတရား ဖမ်းဆီးထောင်ချ အပြစ်ပေးတာတွေ ရှိနေပါတယ်။

မဲဆွယ်လက်ကမ်းစာစောင်တွေ လိုက်လံဝေငှနေတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အဖွဲ့ဝင်တချို့။

နယူးယောက်က ကုလသမဂ္ဂရဲ့ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံမှာလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ပါတီပေါင်း ၃၇ ပါတီ၊ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှုရှိတယ်လို့ ပြောဆိုသွားပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)က ဖြန့်ဝေတဲ့ မဲဆွယ်စည်းရုံးရေး စာစောင်တွေကို ဖတ်နေတဲ့ရန်ကုန်မြို့ခံတချို့။

ဒါပေမယ့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီ ရွေးကောက်ပွဲတွေ ကနေ ဘယ်လို အပြောင်းအလဲမျိုးမှ ဖြစ်လာမှာမဟုတ်ဘဲ ရွေးကောက်ပွဲ ပြီးသွားရင် စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်း စစ်အစိုးရကနေ တရားဝင် စစ်အစိုးရအဖြစ်သာ ပြောင်းသွားမှာဖြစ်လို့ နိုင်ငံတကာကသိအောင် ပြောဆိုလှုံ့ဆော်နေကြပါတယ်။

Photo : AP

No comments: