Monday, July 7, 2014

တောကြောင်လား ... ဘုရင့်ကြောင်လား (ကာတွန်း Mr Burma)


၇ ရက် ဇူလိုင် အရေးအခင်းကို ဘာကြောင့် နှစ်စဉ် အထိမ်းအမှတ်ပြုနေရသလဲ (ရဲဘော်ဖိုးသံချောင်း)

ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ်သက်တမ်း ဆက်တိုက်သက်ဆိုးရှည်နေတာ ၄၆ နှစ် ရှိသွားပါပြီ၊ ဒီရာစုနှစ် တဝက်နီးပါးသမိုင်းမှာ ဗမာပြည် ပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေဟာ ၇ ရက် ဇူလိုင်အထိမ်းအမှတ် အခမ်းအနားတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ တနှစ်မပြတ် အထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်၊ ဒါ ဘာကြောင့်လဲ။ ဒီအရေးအခင်းရဲ့ အထိမ်းအမှတ်လက္ခဏာ။ အရေးပါမှု စတာတွေက ဘာတွေလဲဆိုတာ ဆန်းစစ်သုံးသပ်ထားသင့်တယ် ထင်ပါတယ်။ 

၇ ရက် ဇူလိုင်အရေးတော်ပုံဟာ ဆိုရှယ်လစ်ဆိုင်းဘုတ်တပ်။ အမျိုးသားရေး စကားတွေ လှိုင်လှိုင်ပြောပြီး ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို (၁၉၅၈ ခုနှစ်တုန်းကလို မြေစမ်းခရမ်းပျိုး မဟုတ်ဘဲ) အတည်တကျ တည်ဆောက်လာတာကို စစ်ဦးမှာ ထိပ်တိုက်တိုက်ခဲ့ကြတဲ့၊ အသက်တွေစတေးခဲ့တဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ဗိုလ်နေဝင်းတို့ဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းတုန်းက ရက်ရက်စက်စက်လုပ်ပြထားတာ။ အာဏာသိမ်းတဲ့ မတ်လ ၂ ရက်နေ့ညမှာ သမ္မတနဲ့ ဝန်ကြီးတွေ အပါအဝင် နိုင်ငံရေးသမားပေါင်း မြောက်မြားစွာကို “ထိန်းသိမ်း”လိုက်တာ။ အပြစ်မဲ့ ၁၇ နှစ် ကျောင်းသားလေး စဝ်မီမီသိုက်ကို ကြက်ကလေးငှက်ကလေး သတ်သလို သတ်ဖြတ်ပြထားတာ။ တဖက်မှာတော့ ဆိုရှယ်လစ်စကားတွေ သံကောင်းဟစ်နေတာ စတာတွေကြောင့် နိုင်ငံရေးလောကမှာ ဗိုလ်နေဝင်းတို့ကို ကြောက်သူနဲ့။ ခွေးကတက်ကနေ အလုပ်အကြွေးပြုချင်သူတွေသာ လွှမ်းမိုးနေပါတယ်။ 


Sunday, July 6, 2014

ခြေရာ လက်ရာ ... (ကာတွန်း အောင်မော်)


တန်ပြန် အကြမ်းဖက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပါ (သို့မဟုတ်) မိမိကိုယ်ကိုတည်ဆောက်ပါ (ကိုညို)

ရပ်ကွက်တိုင်းမှာ လူထုက ကိုယ့်ဖာသာ ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ အကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့ဖို့ လိုအပ်နေပြီလား။ အဲဒီအခြေအနေရောက်နေပြီလား...။ နေ့ခင်းကြောင်တောင် လူအုပ်စုနဲ့၊ ဆိုင်ကယ်အုပ်စုနဲ့၊ လမ်းမှာတွေ့တဲ့လူတိုင်းကို မဲမဲမြင် အကုန်ရိုက်သတ်တဲ့ခေတ် ရောက်နေပြီကိုး...။

အမှန်တော့ ပြည်သူတွေကို အကြောက်တရားတွေ၊ စိုးရိမ်သောကတွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတဲ့ စိတ်ဓာတ်တွေ ရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒါမှ အာဏာပိုင်တွေက လူထုကို အလွယ်တကူ ထိမ်းချုပ်နိုင်မှာ၊ အမိန့်ပေးနိုင်မှာဖြစ်တယ်လေ။ လူတွေညီညွတ်ပြီး၊ အစိုးရအပေါ် မကျေနပ်မှုတွေ၊ ဆန့်ကျင်စိတ်တွေ မပေါ်အောင် ဒီနည်းနဲ့ ထိမ်းချုပ်တာဖြစ်တယ်။

အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတိုင်းမှာ ဒီလို ဖြစ်ရပ်တွေ ရှိတယ်။ တောကြောင်တွေမွေးပြီး လူထု စည်းလုံးညီညွတ်မှုကို ဖြိုခွဲနေတာဖြစ်တယ်။ ဒါမှ အစိုးရကို၊ လက်နက်ကိုင်တပ်တွေကို လူတွေက အားကိုးယုံကြည်မှာလေ။ ဗုဒ္ဓခေတ် အိန္ဒိယ ရာဇဝင်မှာ လဇ္ဇဝီတွေရဲ့ ညီညွတ်မှုနဲ့ တည်ဆောက်ထားတဲ့ ဝေသာလီကို ဖြိုခွဲခဲ့တာ ဒီအတိုင်းပဲ။


၄၃၆ ... (ကာတွန်း Mr Burma)

Saturday, July 5, 2014

ခွပ်ဒေါင်းနှင့်အတူ (၂) - ကိုစိုးသိမ်း (ပဲခူး)

ခွပ်ဒေါင်းစုံညီ ရှေ့သို့ချီပြီ 

ကျောင်းသားထု၏ သွေးစည်းညီညွှတ်မှုရေချိန်သည် အရှိန်မြင့်မားစွာ တက်ကြွလျက်ရှိနေပေသည်။ စစ်ဗိုလ်အစိုးရသည် ကြက်သေ သေ၍နေရလေသည်။ ဇောချွေးများပင် ပြန်နေပါသေး၏။ သတင်းစာများနှင့်တကွ မိဘပြည်သူတရပ်လုံးကလည်း ကျောင်းသားထု၏ မှန်ကန်၍ တရားနည်းလမ်းကျသော တောင်းဆိုချက်များကို အားပေးထောက်ခံ၍ နေလေသည်။

ကျောင်းသားထုသည် အစိုးရကို အပြုတ်တိုက်ရန်လည်း မကြံစည်၊ အကြော်ကျွေးရန်လည်း မစီစဉ်သည်မှာတော့ ထင်ရှားလှပေသည်။ ကျောင်းသားထုသည် မိမိတို့၏ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ဒီမိုကရေစီအခွင့်အရေး ကာကွယ်ရေး၊ ဖိနှိပ်ချုပ်ချယ်မှု တွန်းလှန်ရေးတို့အတွက် ကျောင်းသားအမြင် ကျောင်းသားအသိတို့ဖြင့် တောင်းဆို တိုက်ပွဲဝင်နေသည်မှာလည်း ရှင်းလှပေသည်။

ထိုအချိန်တွင် စစ်ဗိုလ်အစိုးရ၏ တာဝန်ရှိသူများသည် ကျောင်းသားထု၏ မှန်ကန်သော တောင်းဆိုချက်များကို လုံးဝ လျစ်လျူရှုထားသည်သာမက “ဗူးဆို ဖရုံမသီးဘူးဟေ့” ဟူ၍ပင် တင်းခံနေလိုက်ချေသေး၏။

“မင်းတို့ ရှေ့ဆက်ပြီး ဆူနေရင် ဒို့နဲ့ face to face ရင်ဆိုင်ရမှာဘဲ” ဟုလည်း ဟန့်တားခဲ့သည်။ “တရာ သေလို့ အားမရရင် နှစ်ရာ သတ်ပြမယ်” ဟုလည်း ကြိမ်းဝါးခြိမ်းချောက်ခဲ့သည်။ ထိုမျှမကသေး “စစ်ဗိုလ်အစိုးရ” ၏ အာဏာရှင် ဗိုလ်နေဝင်း ကိုယ်တိုင်ကပင် “တက္ကသိုလ်လှုပ်ရှားမှုဟာ မပြောပလောက်ပါဘူးဗျာ” ဟု ယိုးဒယား သတင်းစာဆရာများအား ဂယောင်ချောက်ချား ပြောခဲ့ချေသေး၏။


Friday, July 4, 2014

ကြာကြာဝါးမယ့်သွား ... (ကာတွန်း Mr Burma)


ခွပ်ဒေါင်းနှင့်အတူ (၁) - ကိုစိုးသိမ်း (ပဲခူး)

မလဲကျသေးသော ခွပ်ဒေါင်းအောင်လံ 

စစ်ဗိုလ်အစိုးရသည် ဇူလိုင်ရက်စက်မှုကြီးကို ကျူးလွန်ပြီးသည့်နောက် တက္ကသိုလ်မြေတွင် ခွပ်ဒေါင်း လည်တိုင်ကျိုးပြီဟု ထင်နေကြ၏။ 

သြဂုတ်လ ၂၇-ရက်နေ့တွင် ကျောင်းပြန်ဖွင့်သည့်အခါ၌လည်း ကျောင်းသားထုသည် လူဆိုးများသဖွယ် အမျိုးမျိုးအစစ်ဆေးခံ၍ အထပ်ထပ်လက်မှတ်ထိုးလာကြရသည်ဖြစ်ရာ တက္ကသိုလ်ကြီးကိုတော့ ငါတို့ထင်သလို ချယ်လှယ်နိုင်ပြီဟုလည်း ထင်နေကြပေသည်။ မိမိတို့ကိုယ်ကိုပိုင်လှပြီဟုလည်း အထင်ကြီးနေကြလေသည်။ ဗိုလ်နေဝင်း၏ ဓားကြိမ်းကြိမ်းထားသံကြောင့်လည်း သတ္တိပြောင်လှသော သူရဲကောင်း နိုင်ငံရေးပါတီကပင် နားရွက်မျှမလှုပ်ရဲဘဲ အမြီးကုပ်၍နေကြချိန် ဖြစ်နေပေသည်။ မသာအိမ်တွင် ရဲရဲငိုဝံ့သူမရှိအောင်လည်း သူတို့တတွေက ခေတ်ကောင်းနေသည် မဟုတ်ပါလော။ 

တက္ကသိုလ်တွင်မူ ခွပ်ဒေါင်းအောင်လံကတော့ မလဲကျသေးပါချေ။ ကျောင်းသားထုသည် ဆက်လက်၍ တိုက်ပွဲအတွက် တာစူအားယူနေကြပေသည်။ သို့ရာတွင် တကသ ခေါင်းဆောင်များကား အဖမ်းခံနေရသူနှင့် ပြေးရသူများသာဖြစ်နေရာ တိုက်ပွဲအတွက် အဆက်ပြတ်နေခဲ့ပြီ ဖြစ်လေသည်။ 


Thursday, July 3, 2014

အမှိုက်တော့ လောင်နေပြီ ... (ကာတွန်း Mr Burma)


ခွပ်ဒေါင်းနှင့်အတူ - ကိုစိုးသိမ်း (ပဲခူး)

ခွပ်ဒေါင်းနှင့်အတူ
(၁၉၆၂-၆၃) ခုနှစ် တက္ကသိုလ်အရေးတော်ပုံ မှတ်တမ်း

ရေးသူ-ကိုစိုးသိမ်း (ပဲခူး) 

၁၉၆၂-ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ (ကျောင်းသား အာဇာနည်နေ့) တွင် ကျဆုံးခဲ့ရှာသော ကျောင်းသားရဲဘော်များနှင့် အရေးတော်ပုံကြီးကို သစ္စာရှိသောအားဖြင့် ဤစာအုပ်ကို ရေးသည်။ 

‘အမှာ’ 

ရဲဘော်စာဖတ်သူ ...

၁၉၆၂၊ ၆၃ နှစ် တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုများကို နောင်အနာဂတ်တိုက်ပွဲများအတွက် အထောက်အကူဖြစ်စေရန် မှတ်တမ်းတစောင်တဖွဲ့ ထားရှိသင့်သည်ဟုယူဆမိ၍ ဤစာအုပ်ကို ထုတ်ဝေဖြစ်ခဲ့ပါသည်။

ဤမှတ်တမ်းစာအုပ်မတိုင်မီကပင် ဇူလိုင်အရေးတော်ပုံ၏ ဂရက်များဖြစ်သော မန္တလေးဆောင်မှာ ရဲဘော်ကိုခင်ဆွေ၏ (ရင်ပြင်နီ) သည်၎င်း၊ ဒဂုန်ဆောင်မှ ရဲဘော်ကိုလှမြင့်၏ (ဥဒါန်းမကြေ)သည်၎င်း၊ ရဲဘော်ကိုတင်အေး၊ ကိုကြည်ဝင်းနှင့် ကိုသူမွန် (ကိုသိန်းအောင်)တို့၏ (တက္ကသိုလ်ဝန်းကျင်) သည်၎င်း၊ အင်းဝဆောင်မှ ရဲဘော်အောင်မျိုး၏ (အရေးတော်ပုံ စာစောင်သစ်)သည်၎င်း၊ တက္ကသိုလ်နယ်မြေတွင် အားရဘွယ်ရာ ထွက်ပေါ်လာခဲ့ပြီးသည်သာမက၊ ယခုတဖန် ရဲဘော်ကိုခင်ဆွေနှင့် ကိုသန်းထွန်းဦး (အင်းဝ) တို့၏ (အနိုင်မခံ)သည်ပင်လျှင် မကြာမီထွက်လာလိမ့်မည်ဟု ကြားသိရပေသည်။

ဤ (အရေးတော်ပုံမှတ်တမ်း) သည် မမေ့ပျောက်သင့်သော ၁၉၆၂၊ ၆၃ အရေးတော်ပုံကြီးကို အကြမ်းဖျင်း စာပန်းချယ်ထားသည်ဖြစ်ရာ စုတ်ချက် အနုအရမ်း၊ အကြမ်းအပျော့များ ပါကောင်းပါရှိမည် ဖြစ်ပေသည်။

မှတ်တမ်းရေးသူသည် (၆၂-၆၃) ကျောင်းသားလှုပ်ရှားမှုများတွင် လေးဦးကော်မတီမှအစပြု၍ ကျောင်းသားအခွင့်အရေး ကာကွယ်မှုကော်မတီအထိ တိုက်ပွဲအစဉ်အဆက် ရှေ့တန်းမှ ပါဝင်ဆင်နွှဲခဲ့သူဖြစ်သောကြောင့်လည်း ဤမှတ်တမ်းသည် အတော်ပင် ပြည့်စုံခိုင်လုံသည်ဟု ဆိုချင်ပါသည်။

ဤစာအုပ်ထုတ်ဝေခြင်းသည် စီးပွားရေးကိုယ်ကျိုးရှာခြင်းမဟုတ်ဘဲ ယုံကြည်ချက်အတွက်သာဖြစ်ကြောင်း မှတ်တမ်းတန်ဘိုးနှင့် ဈေးနှုန်းကိုယှဉ်ကြည့်လျှင် သိနိုင်မည်ဟု မြော်လင့်ပါသည်။

ညွှန့်သောင်း 
(ထုတ်ဝေသူ)