အခါသင်္ကြန်ရက်မြတ်နဲ့ နီးလာပြီဆိုတော့ မြန်မာပြည်ထဲမှာ သင်္ကြန်သီချင်းနဲ့ ယိမ်းအက တိုက်တဲ့အသံတွေ၊ သံချပ်ဝိုင်းတော်သားတွေရဲ့ သံချပ်ထိုးသံတွေ၊ စည်း၊ ဝါး၊ ဒိုး၊ လင်းကွင်းသံတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိရော့မယ်ထင်ပါရဲ့။
ကျနော်တို့ အဝေးရောက် မြန်မာတွေအဖို့ မိခင်မြေကိုအလွမ်းဆုံးအချိန်ဟာ အခုလို အတာသင်္ကြန်ကာလပဲဖြစ်တယ်။ သင်္ကြန်သီချင်းလေးတွေနားထောင်ပြီး သင်္ကြန်တွင်း လည်ပတ်ပျော်မြူးခဲ့ရတဲ့ လူငယ်ဘဝလေးကို ပြန်လည် မြည်းစမ်းချင်လာတယ်။ ပြီးတော့ ပြည်ပမှာနေထိုင်ခဲ့စဉ် မိမိတို့ရိုးရာသင်္ကြန်ပွဲတော်ကို မမေ့မလျှော့ကျင်းပခဲ့ကြသလို သင်္ကြန်သံချပ်တွေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ကဘောက်ချိ၊ ကဘောက်ချာ အဖြစ်သနစ်တွေကို လွတ်လွတ်လပ်လပ် လှောင်ပြောင်ခဲ့ကြတာလည်း သတိတရဖြစ်မိတယ်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
8 months ago







