Wednesday, January 2, 2013

ကာတွန်း ဟန်လေးရဲ့ လက်ရာတချို့



ကျွန်တော် သဘောမတူပါ ခင်ဗျား (ဇော်ဇော်အောင်)

ဒီမိုကရေစီဟာ အယူအဆတွေ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။ 

ကားလ်ပေါ့ပ်ပါး 
(Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး စာ ၁၃-၁၈)

လူတိုင်းမှာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ 

ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့ အမှီအခိုကင်းတယ်၊ အစိုးရက သိမ်းယူလို့လည်း မရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်တွေ ဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စူးစမ်းခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ခွင့် …။

ဒေးဗစ်ဘီသမ် ‘ဒီမိုကရေစီ’ 
(David Beetham, ‘Democracy’, One world, Oxford, 2005, စာ ၁၂-၁၃) 


လောကပါလတရား အရင်သင်ပေးမယ် … (ကာတွန်း စောငို)

Monday, December 31, 2012

ဒီမိုကရေစီအုတ်မြစ်ခိုင်မာဖို့ ဒီလိုလုပ်ကြရမယ် (ထက်အောင်)

"ကျည်ဆန်တတောင့် ဈေးနှုန်း၊ လောင်ချာသီးတစ်လုံးရဲ့ ဈေးနှုန်းတွေ၊ အဖမဲ့သားတွေ၊ သားမဲ့ မိခင်တွေ၊ ဒုက္ခသည်တွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ ဒါတွေအားလုံးဟာ ပြည်တွင်းစစ်ရဲ့အကျိုးဆက်တွေပါပဲ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ပစ်လိုက်တဲ့ ကျည်ဆန်တွေရဲ့တန်ဖိုးတွေနဲ့ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ ဆောက်ပေးလိုက်ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ကဏ္ဍဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဘယ်လောက်များ အကျိုးကျေးဇူးများလိုက်မလဲဆိုတာ ..."


ဆန္ဒမပြရင် ခေတ်မမီဘူး 

နောက်ဆုံးဆောင်းပါးရေးပြီးတဲ့နောက်ပိုင်း စာမရေးဖြစ်တာ တော်တော်လေးကိုကြာသွားတဲ့အတွက် ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များနဲ့ ညီအစ်ကိုမောင်နှမများကို အရင်ဆုံး တောင်းပန်စကားပြောပါရစေ။

‘ဒီမိုကရေစီတွေ ရမယ်ဝယ်ကြဦးမလား’ ဆိုတဲ့ဆောင်းပါးမှာတော့ ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်ပြီး နည်းဥပဒေတွေကို အရင်ဆုံး ပြုပြင်ဖို့လုပ်ရမယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီကိစ္စမှာတော့ သဘောထားတွေ၊ အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ဒီကနေ့ အကြောင်းအရာအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်တဲ့သူတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဒုနဲ့ဒေးပါပဲ။ အင်တာနက်စာမျက်နှာတွေနဲ့ ဂျာနယ်စာမျက်နှာတွေမှာဆိုရင်လည်း ဆန္ဒပြတဲ့သတင်းမပါရင် ခေတ်မမီတော့သလိုပဲ။

ရဲရဲပြော ရဲရဲရေး 

လူဆိုတာ လိုအင်ဆန္ဒအများဆုံးသတ္တဝါပါ။ အမြဲတမ်း တခုခုကိုတော့ လိုအပ်နေကြပါတယ်။ အခုလက်ရှိအခြေအနေမှာ ပြည်သူတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိနေပြီလဲ။ ခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ အစိုးရကကော ဘယ်လောက် အတိုင်းအတာအထိ လွတ်လပ်ခွင့်ပေးထားပြီလဲ။ အစိုးရရဲ့နိုင်ငံရေးကစားကွက်က ဘာလဲ။ အတိုက်အခံ ဒီမိုကရက်တွေ ဘယ်လောက်များ စည်းလုံးနေကြပြီလဲ အစရှိတဲ့ နိုင်ငံရေးအရွေ့၊ နိုင်ငံရေးအလှည့်အပြောင်းတွေကို သတိထား စောင့်ကြည့်ရမှာဖြစ်တယ်။


မင်္ဂလာပါ နှစ်သစ် (သစ်ကောင်းအိမ်)

နံနက်လင်းတော့
ရေပုပ်မြောင်းထဲ
ကွန်ဒုံးအဟောင်းလို ပေါလောမျောလို့။

ပြီးခဲ့တဲ့နှစ်က
ဆဒမ်ဟူစိန်ကို ကြိုးမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို ကြိုးမပေးနိုင်သေးဘူး
ငွေကြာယံမှာ
သွေးပွက်ပွက်လျှံခဲ့တယ်
ငမိုးရိပ်ချောင်းမှာ
 သံဃာတော်ရုပ်အလောင်းတွေ
မျောခဲ့တယ်

တိရိစ္ဆာန်ရုံထဲက
တောရိုင်းသတ္တဝါတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးချင်တယ်
လူ့တိရိစ္ဆာန်တွေကို ခြံခတ်ပြီး ပြပွဲလုပ်မယ်


Sunday, December 30, 2012

အမှတ်မရချင်သော အမှတ်တရများ (ခင်ငြိမ်းသစ်)

အကျဉ်းထောင်ဟုဆိုလိုက်သည်နှင့် အားလုံးက လူဆိုး၊ လူမိုက်များအား လိမ္မာယဉ်ကျေးစေရန် ချုပ်နှောင်ထားရသော နေရာအဖြစ် ချက်ချင်းသဘောပေါက်ကြလေ့ရှိပါသည်။ ထိုနေရာ၌ မိမိ၏ ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ အကျဉ်းချခံထားရသူတွေရှိနေကြောင်းကိုတော့ အများပြည်သူသိလာကြသည်မှာ မကြာမြင့်သေးပါ။ ထိုသူများအား နိုင်ငံရေးအကျဉ်းသား ဟု အများပြည်သူမှ သတ်မှတ်ကြပြီး အာဏာရအစိုးရကတော့ ယုံကြည်ချက်အကျဉ်းသား ဟု ခေါ်ဝေါ်သတ်မှတ်ပါသည်။

မည်သို့ပင် ခေါ်ဝေါ်သတ်မှတ်ပါစေ၊ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ တစ်နေ့တာမှာ ပြင်းရိငြီးငွေ့ဖွယ်ရာ တန်ဖိုးမဲ့ ကုန်ဆုံးသွားလေ့ရှိပါသည်။ မနက် ၅ နာရီခွဲပြီဆိုသည်နှင့် “ပုံစံ” ဟု အသံကုန် အော်ဟစ်သံကြားရပြီးနောက် ပခုံးထက်၌ ကြယ်ပွင့်တပ်ထားသော အရာရှိတစ်ယောက်က အကျဉ်းသားများကို လိုက်လံစစ်ဆေးလေ့ရှိ၏။ ထိုသို့စစ်ဆေးခြင်းသည် ထောင်မဖွင့်မီနှင့် ထောင်မပိတ်မီ အကျဉ်းသား ပြည့်မပြည့် စစ်ဆေးခြင်းလည်း ဖြစ်ပါသည်။ မည်သို့ဆိုပါစေ ထိုသို့စစ်ဆေးခြင်းက ထောင်ကျနေသူတစ်ယောက်အတွက် နေ့တစ်နေ့၏အစ ဖြစ်ပါသည်။


နောက်ပြန်လှည့်ရင် ... (ကာတွန်း အောင်မော်)

ဥပကနဲ့ မဆာဝါ

အကူးအပြောင်းကို စမ်းသပ်သည့် ပြဿနာတစ်ရပ် (ဖေမြင့်)

ဒီမိုကရေစီ အကူးအပြောင်းကို စောင့်ကြည့်ကြသူများအတွက် ရတက်မအေးစရာ ပြဿနာတစ်ခု မကြာမီက ပေါ်ပေါက်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြု၍ ဖြစ်ပေါ်သော ပြဿနာ။

ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများ၊ ၎င်းတို့အား ထောက်ထားစာနာကာ ရိုင်းပင်းကူညီကြသူများ၊ ပွင့်လင်းမြင်သာမှုမရှိသော သယံဇာတရောင်းချမှုကိစ္စကို မလိုလား မနှစ်သက်သူများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန့်ကျင်သူများနှင့် အခြားတက်ကြွလှုပ်ရှားသူများက ကန့်ကွက်တောင်းဆို ဆန္ဒပြကြသည်။ ယင်းအား အာဏာပိုင်တို့က အကြမ်းပတမ်းနှိပ်ကွပ်ရာ ရုပ်ပျက်ဆင်းပျက် အနေအထားများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးထားပြီး၊ ထိခိုက်ဒဏ်ရာရသော သံဃာတော်များအားလည်း တာဝန်ရှိသူတို့ဘက်က ဝန်ချတောင်းပန်ခဲ့၍ ပဋိပက္ခသည် ယာယီ ငြိမ်းအေးလျက်ရှိသည်။ သို့သော် ပြဿနာကား မပြီးသေးပေ။


ဥမကွဲ၊ သိုက်မပျက် …(ကာတွန်း အောင်မော်)