Friday, May 30, 2014

နှစ်ထောင်ဆို လောက်ပြီ (ကာတွန်း စောငို)


ထိုင်းအာဏာသိမ်းမှုမှ ရနိုင်တဲ့ သင်ခန်းစာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဘယ်လို သင်ခန်းစာတွေ ရယူနိုင်ပါသလဲ။ ပါမောက္ခ စတိုင်ဘတ် (Steinberg) ကတော့ မြန်မာနိုင်ငံမှာ အစိုးရကောင်း တရပ်ရှိပြီး တိုင်းရင်းသားပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်ရင် ထိုင်းနိုင်ငံကို ကျော်တက်နိုင်မယ့် အလားအလာရှိတယ် လို့ သုံးသပ်ပြောဆိုပါတယ်။ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်း လက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။ 


အလိုရှိသည် ... (ကာတွန်း Mr Burma)


Thursday, May 29, 2014

ဒီပရင်္ဂ (ကြည်မောင်သန်း)

ပုံပြင်ထဲက မြို့လည်းမဟုတ် 
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် 
ရာဇဝင်ထဲက မြို့တမြို့ 
ပုဂံခေတ်ထဲကရှိတဲ့ မြို့တမြို့ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့ 
သမိုင်းဝင် မြို့တမြို့။ 

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် 
အလောင်းစည်သူမင်း 
တိုင်းခန်းလှည့်လည်ရင်း 
မြောက်ဘက်အရပ်အရောက် 
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် 
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ 
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။ 


၉၀ ရွေးကောက်ပွဲ ၂၄ နှစ်ပြည့် (ကာတွန်း စောငို)


ဒီပဲရင်းကျောက်စာ ကဗျည်းထိုးခဲ့စဉ်က (ကိုညို)

၂၀၀၃ ခု မေလဆန်းမှာ နယူးဒေလီရဲ့အပူဒဏ်ကိုရှောင်ဖို့ ကျနော်တို့ မိသားစု အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာပြည် ချင်းတောင်နယ်စပ်နဲ့ကပ်ရက် တောင်တန်းတွေထူထပ်တဲ့ မီဇိုရမ်ပြည်နယ်က တောင်ပေါ်မြို့လေးဖြစ်တဲ့ အိုက်ဇောမြို့ကို အလည်သွားခဲ့တယ်။ အိုက်ဇောမှာ မြန်မာနိုင်ငံသား လူရှိုင်းချင်းအနွယ်တွေ အများကြီး။ ကျနော်တို့ငယ်ငယ်က ပထဝီဖတ်စာမှာ “အနောက်ဘက်တွင် လူရှည် တောင်တန်း” လို့ မှတ်မိနေတဲ့ တောင်တန်းဆိုတာ မီဇိုရမ်ပြည်နယ်က လုရှိုင်း တောင်တန်းတွေကို ပြောတာ။ 

ဇနီးဖြစ်သူ လင်းလင်းက လုရှိုင်းတိုင်းရင်းသူပါ။ အိုက်ဇောမြို့မှာ လင်းလင်းရဲ့မိသားစုလည်းရှိတာမို့ နွေရောက်တိုင်း တနှစ်တခေါက်တော့ သွားလည်ပတ်နေကျ။ ကျနော်တို့ ဇနီးမောင်နှံက ဝါသနာတူတွေမို့ မီဇိုရမ်ရောက်တိုင်း ၂ နှစ်တခါ ၃ နှစ်တခါဆိုသလို တော်လှန်ရေးသီချင်းခွေ ထုတ်လေ့ရှိတယ်။ မီဇိုရမ်မှာ သီချင်းအသံသွင်းရတာက မြန်မာပြည်ဖွား ဂီတအနုပညာရှင်တွေ အိုက်ဇောမြို့မှာ ရှိကြလို့ပါ။ သူတို့က စတူဒီယိုလည်းပိုင် တီးဝိုင်းလည်းထောင်ထားသလို အိုက်ဇောမှာ နာမည်ကြီးတွေပါ။ မြန်မာစကားလည်း ကောင်းကောင်းတတ်၊ မြန်မာပြည်ကိုလည်း ချစ်၊ ဒီမိုကရေစီကိုလည်း အားပေးထောက်ခံသူတွေဖြစ်တယ်။ 


ဟိုဖက်လူလို့ ထင်နေဦးမယ် ... (ကာတွန်း ဝင်းထွန်း)


Wednesday, May 28, 2014

သတင်းကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်နဲ့ လွတ်လပ်မှု (၁) - ကိုညို

မြန်မာဂျာနယ်လစ်ဇ်တွေ သတင်းသမားကျင့်ဝတ်... သတင်းသမားကျင့်ဝတ်လို့ မကြာခဏပြောကြလွန်းလို့ ကျနော့်ဘက်က မေးလည်းမေးချင်၊ ပြောလည်းပြောချင်တာတချို့ ပေါ်လာရတယ်။ ကျနော်က သတင်းသမားနဲ့ပတ်သက်ပြီး မရှိမဖြစ် လိုအပ်တဲ့အခြေခံ ကျင့်ဝတ်တွေလောက်ပဲ သိထားတာပါ။ ဒါလည်း လူတိုင်းနီးပါး သိပါတယ်။ 

ဒါပေမယ့် အခြေခံထဲမှာကိုပဲ ကျနော်တို့နိုင်ငံအတွက် အငြင်းပွားစရာတွေက ရှိနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတာ အားလုံးသိတယ်။ မလွတ်လပ်လို့ပါ။ ဥပမာ... တဖက်သား ထိခိုက်နစ်နာစေမယ့် အရေးအသားမျိုး ရှောင်ကြဉ်ရမယ်...ဆိုတာမျိုး ဆိုပါစို့။ သမ္မတကြီး တလွဲတချော်ဖြစ်နေတာကို ခပ်ဆတ်ဆတ်လေး ဝေဖန်ရေးချလိုက်လို့ သူ့ခမျာ နာကျင်သွားပြီဆို သတင်းကျင့်ဝတ်ပျက်ကရောလား..။ သမ္မတကြီးကိုယ်တိုင် ဘယ်လိုအကျိုးစီးပွားအပေါ် ရပ်တည်နေတဲ့ သမ္မတကြီးလဲဆိုတဲ့ မေးခွန်းအပေါ်လည်း တည်မှီနေမှာပါ။ 

အဲဒီကျင့်ဝတ်ဆိုတာ ဘယ်ကလာတာလဲ...။ တခါတခါ ကျင့်ဝတ်ဆိုတာ အကြောက်တရားမကင်းသူတွေရဲ့ အကာအကွယ်လက်နက်တခု ဖြစ်တတ်ပါတယ်။ 


တို့လူကြီးတွေ ပြောတဲ့စကား... (ကာတွန်း အောင်မော်)


ကံမ္မသဒ္ဒါ (စိုးနေလင်း)

ငါ့မြင်း ငါစိုင်းဆိုပြီး 
ငါ့လှေ ငါထိုးဆိုပြီး 
မြေဆီလွှာကြီးတခုလုံး တူးဆွလှန်လှော 
ကြက်ဆူတောချည်းသာ။ 

အကြားလွန်တုန်နှုန်းမြင့် အော်သံတို့လွှမ်းဖုံး 
မြှုံးမိငါးများ တွန်းထိုးလွန့်လူး 
ဆူးစူးနေဆဲကာလ 
ဝေးပျမှုန်မွှားလွန်းစွ 
ညမဲမိုက်ထဲ လောင်ကျွမ်းခဲ့ကြဖူးပြီ။