ငါ့မြင်း ငါစိုင်းဆိုပြီး
ငါ့လှေ ငါထိုးဆိုပြီး
မြေဆီလွှာကြီးတခုလုံး တူးဆွလှန်လှော
ကြက်ဆူတောချည်းသာ။
အကြားလွန်တုန်နှုန်းမြင့် အော်သံတို့လွှမ်းဖုံး
မြှုံးမိငါးများ တွန်းထိုးလွန့်လူး
ဆူးစူးနေဆဲကာလ
ဝေးပျမှုန်မွှားလွန်းစွ
ညမဲမိုက်ထဲ လောင်ကျွမ်းခဲ့ကြဖူးပြီ။
ရေမကြည် မြက်မနု
ကုရာနတ္ထိ ဆေးမရှိဖြစ်ခဲ့ပြီလား
နွား မချမ်းသာသော တောသုံးတောင်မှာ
လောင်ရာတွေနဲ့ပြည့်နှက်
ပင့်သက်ပြင်းများ လေးပိရာမှာ။
ကံကိုယုံလို့
ဆူးပုံကို နင်းမပစ်လိုက်ကြစေလိုပါ
ဗေဒါ အမှိုက် ဒိုက်သရောတို့ကို ဖယ်ရှင်း
မြစ်တစင်း အရှိန်ပြင်းပြင်း စီးဆင်းပစ်လိုက်ကြဖို့သာ။ ။
စိုးနေလင်း
တိတ်ဆိတ်သော သာယာမှု ရှိရာဆီ ခဏ...
3 months ago
No comments:
Post a Comment