ခေတ်က ပျက်တော့
အရပ်ပျက် ဇာတ်ပျက်နဲ့ လူပျက်တွေသာ ခေတ်စား ...။
ခေတ်က ပျက်တော့
အဲဒီ ခေတ်ပျက်ကြီးနဲ့ လိုက်လျောညီထွေ ရှိဖို့ရာ
ကိုယ်ဟန်ပြသူတွေ ခေတ်စား
ကိုယ်ခန္ဓာကို အောက်ဈေးနဲ့ ချရောင်းနေသူတွေ ခေတ်စား
ကိုယ့်နာမည် ကိုယ် ရောင်းစားသူတွေ ခေတ်စား
ကိုယ့်ရပ်တည်ချက် ကိုယ်ချရောင်းနေသူတွေ ခေတ်စား
နှလုံးသား သစ်ခေါင်းပေါက်နဲ့ လူပျက် ဦးခေါင်းတွေ ခေတ်စား
အနုပညာလိုလို ...
မေတ္တာတရားလိုလို ... ကြောင်သူတော်လိုလို ...
သူရဲကောင်းလိုလို ... ခေတ်ရှေ့ပြေးသူတွေ လိုလို ...
နိဗ္ဗာန်ကို အရောက်ပို့မယ့် ဖောင်ကူးတို့တွေလိုလို ...။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
8 months ago








