Saturday, March 28, 2015

ပိုစတာများ... (သစ်ကောင်းအိမ်)

ပိုစတာကြီးတွေ 
ပြောင်းသွားတယ် 
ကျော်ဟိန်း... ကျော်သူ... 
စိုးသူ... ရန်အောင်... 
ဒွေး... 

ပိုစတာကြီးတွေရဲ့အောက်မှာ 
ကွမ်းယာရောင်းရင်း 
စမူဆာသုတ်စားရင်း 
ဆူးလေတဝိုက်မှာ လမ်းသလားရင်း 
သွားမှာလား... 
သွားမှာလား... 
သွားမှာလား... 


ပိုစတာကြီးတွေပေါ်မှာတော့ 
မင်းကိုနိုင် ကနေ... 
မင်းသွေးသစ် ပြောင်းသွားပြန်ပြီကွာ...။ 

သစ်ကောင်းအိမ် 
(၂၈ မတ်လ၊ ၂၀၁၅) 

No comments: