Monday, February 2, 2015

ကျောင်းသားတွေထဲ ထောက်လှမ်းရေး လိုက်ပါလာ

မန္တလေးကနေ ရန်ကုန်ကိုချီတက်နေတဲ့ သပိတ်မှောက် စ⁠စ်ကြောင်းထဲမှာ စစ်ဖက်ရေးရာ လုံခြုံရေးလို့ခေါ်တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ၃ ယောက် ကျောင်းသား အယောင်ဆောင် လိုက်ပါလာတယ်ဆိုပြီး သပိတ်စ⁠စ်ကြောင်းကို ဦးဆောင်နေတဲ့ ဗကသ တာဝန်ခံတစ်ဦးက ဘီ⁠ဘီစီကို ပြောပါတယ်။ 

အဲဒီ့ ၃ ယောက်စလုံးကို ရဲစခန်းကို ကျောင်းသားတွေက အပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ကလုပ်ခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ ပထမရက်က ထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ်မူတည်ပြီး သုံးသပ်ရရင် သပိတ်အရှိန် ရပ်တန့်အောင် အစိုးရအနေနဲ့ ဟန်ပြလုပ်ဆောင်နေတယ်လို့ မြင်ကြောင်း ဗကသ ဗဟိုလုပ်ငန်းကော်မတီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ သီဟဝင်းတင် က ပြောပါတယ်။ 

အစိုးရဟာ ဆွေးနွေးပွဲကို တစ်ဖက်ကလုပ်ပြီး တစ်ဖက်ကလည်း လမ်းလျှောက်ချီတက်နေတဲ့ ဒီမိုကရေစီ ပညာရေး စ⁠စ်ကြောင်းကို ဖိအားပေးနေတဲ့အတွက် ယုံကြည်ရခက်နေကြောင်း ကိုသီဟဝင်းတင်ကပြောသလို ဒီနေ့မှာ ရေနံချောင်းကနေထွက်ခွာပြီး ချီတက်ပွဲ ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

 

No comments: