Friday, February 13, 2015

မြေလတ်သား လောဘ (မောင်လွမ်းဏီ)

ရရင်ရ
မရရင်ချ ဆိုတဲ့ ကျောင်းသားခေါင်းဆောင်။

အနီးကပ်ဆုံး
ရန်သူကို ရှာပြီး တိုက်ကြ ဆိုတဲ့ စစ်သေနာပတိ။

တစ်နှစ်အတွင်း
လွတ်လပ်ရေး ရစေရမယ် ဆိုတဲ့
ကတိကို ပေးရဲတဲ့ အမျိုးသားခေါင်းဆောင်။


တိုင်းရင်းသားလူမျိုးစုတွေနဲ့ ထပ်တူ ရင်ခုန်
ပင်လုံကို စိုက်ပျိုးခဲ့။

ကြည်
ပဲပြုပ်နဲ့ နံပြားရရင် စားချင်တယ် ဆိုတဲ့
ချစ်ခြင်း၊ ချဉ်ခြင်းနဲ့ လူသား။

နိုင်ငံရေးက နားပြီး
စာရေးစားမယ်ဆိုတဲ့
စာပေပလက်ဖောင်းမင်းသား။

ရှင်းလား
ခင်ဗျားလို အဖေမျိုး
အစားထိုးမရတာကိုက
ကျုပ် တော်တော် စိတ်တိုနေတာ
နှစ် ၁၀၀ ကြာ။ ။

မောင်လွမ်းဏီ 
စက်တင်ဘာ ၄၊ ၂၀၁၄။

သရုပ်ဖော် - ဒေါင်းနီ

No comments: