Tuesday, September 23, 2014

ဖြူနှင်းထွေးပေး မေတ္တာစာ (မောင်လွမ်းဏီ)

မတ်တပ်ရပ်လို့ 
လမ်းမှာ မငိုခဲ့သလို 
မှောင်မိုက်မှာ မငို 
လက်ပံတောင်းတောင်ရိပ်မှာ 
ခိုခဲ့တဲ့ သမီးလေး 
တောင်ကြွေး တောကြွေး ဆပ်တယ်။ 

ဗကသ 
ရတနာပုံမိုးကောင်းကင် 
ခုတော့ ပို သစ်လွင် လင်းပ။ 


ကြေးနီမောင်း ကာချင်းတွေက
ဖြူနှင်းထွေးရဲ့ လက်ဖျံသွေးတွေကို 
တင်းတင်းထွေးပတ် နှောင်ရစ်နေတယ် 
ချစ်မက်မှုက ချင်းတွင်းမြစ်ရေလို ကြည်လဲ့။ 

လက်ပံတောင်းဟာ 
ဖြူနှင်းထွေးရဲ့
နှလုံးလမ်းကြောင်းဖြစ်နေတာ။ ။ 

မောင်လွမ်းဏီ 
၂၃ - ၉ - ၂၀၁၄ 

 

No comments: