Wednesday, September 24, 2014

သူတောင်းစားလောက (ဆောင်းလူ)

တခါ တခါ သူတောင်းစားတွေအကြောင်း တွေးမိတယ်ဗျ ...။ ဒီ သူတောင်းစားဆိုတာ ဘယ်လိုများရှိခဲ့လဲပေါ့ ...။ သူတို့လည်း မျိုးရိုးရှိမှာပဲ ...။ 

သူတောင်းစားတွေက သူ့တို့ ဝမ်းဝဖို့ ... အကိုကြီးရယ်တို့ သနားကြပါ ... အမကြီးတို့ရယ် သနားကြပါဆိုပြီး လူသနားအောင် ... ပတ်ချွဲ နှပ်ချွဲ လုပ်ရတာဗျ ...။ ဒါလည်း သူစားကောင်းအောင် သူ့ဝမ်းဝအောင်လုပ်ရတဲ့ လောကဗျ။ သွားမရှုပ်နဲ့ ...။ ဒါလည်း သူ့ရဲ့ တပ်အပ်တဲ့ပညာပေါ့ဗျာ ...။ လေးစားသမှုတော့ ပြုရမှာပေါ့ ...။ 

အဝတ်အစားဆိုလည်း ကြည့်ပါလား ...။ စုတ်ပြတ်သတ်နေအောင် ဆင်ရ ယင်ရတာဗျ။ သူ့ခန္ဓာမှာ ပြစရာ ဒဏ်ရာဒဏ်ချက်လေးရှိ ပိုကောင်းတာပေါ့ဗျာ ...။ ဒါမှလည်း ဟန်မူပိုပိုနဲ့ ပိုအသက်ဝင်တာပေါ့ ...။ 


ခင်ဗျားတို့ကျုပ်တို့က မြေနိမ့်ရာ လှံစိုက်ပြီး မရှိလို့တောင်းစားတဲ့ သူတောင်းစား စစ်စစ်တွေကျ သောက်ပျင်းဆိုပြီး အမြင်ကပ်ချင်ကြသေးတာ ...။ အဲ ... အဲ ... ဟို သူတောင်းစားအတုတွေကျတော့ မြှောက်ထိုးပင့်ကော်နဲ့ လက်အုပ်တောင် ချီလိုက်ချင်သေးတာ ...။ 

အင်း ခက်တော့လည်း ခက်တာပဲဗျာ ...။ သူတောင်းစားစစ်စစ်တွေဘဝကတော့ ဒီသူတောင်းစား အတုတွေရှိသမျှကာလပတ်လုံး လွယ်မယ်မထင်ပါဘူး။ သူတောင်းစား ဂုဏ်သိက္ခာတောင် ထိခိုက်သလိုပဲ ...။ 

သူတောင်စား အစစ်တွေကျတော့လည်းဗျာ ... စားရင်းမရှိ ... အင်းမရှိဆိုတော့ ငွေကြေးအရှုပ်အရှင်း ဘာမရှိတော့ ... စိတ်ချမ်းသာသဗျ ...။ သူတောင်းစားအတုတွေများကျတော့လည်း ...။

အင်း ခက်တာက ... သူတောင်းစား အစစ်တွေက မစုတတ်ဘူးထင်တယ်ဗျာ ...။ အဲ ... အတုတွေကတော့ စုတတ်တယ်နော် ... ဟဲဟဲ ...။ အစစ်ကောင်တွေက သူ့တဝမ်းတခါးအတွက်ပဲဆိုတော့ ... တကိုယ်တော် ကျဲမယ်ထင်ပါတယ်ဗျာ ...။ မိသားစုတော့ ရှိရင် ရှိမှာပေါ့ ...။ အဲ ... အတုကတော့ အသိုင်းအဝန်းပိုကြီးမယ်ထင်သဗျ ... ဘေးနားမှာ အရိုးအရင်းကိုက်မယ့် သူတောင်းစား အချွေအရံတွေနဲ့ပေါ့ဗျာ ...။ 

အင်း ကျုပ်တောင် သူတောင်းစားအတုတကောင်ပဲ ...။ တခါ တခါ တောင်းစားချင်စိတ်ပေါက်လာရင် ငွေရှင် ကြေးရှင်တွေဆီ အကြောင်းအမျိုးအမျိုးပြ တောင်းစားရတာ ...။ အထင်တော့ သိပ်မကြီးနဲ့ဦး ... အရိုးအရင်းလောက်ကိုက်တတ်တဲ့ သူတောင်းစားပါဗျာ ...။ အဟက် ဟက် ...။ ဒါပေမယ့် ခေတ်မီသူတောင်းစားပါဗျ ... စာရင်းနဲ့ အင်းနဲ့ ...။ 

ကျုပ်က အတုဗျ ... အတု ... 
သူတောင်းစား အတု ...။ ။ 

ဆောင်းလူ
စက်တင်ဘာ ၂၃၊ ၂၀၁၄ 
(ညနေး ၄း ၅၆ နာရီ) 

Photo : Abstract Face 3 by Massive Aggressive 

No comments: