Thursday, June 5, 2014

ဖဲသုံးချပ်ခေတ် (မောင်လွမ်းဏီ)

သုံးလွန်းတင်မှ ကြိုး 
သုံးကျောင်းပြောင်းသော ရှင် 
သုံးလင်ပြောင်းသော မိန်းမ 
အဆိုအမိန့်များမှသည်။ 

သုံးချောင်းထောက် ပေါ်လစီ 
သုံးချောင်းမူ ညီညွတ်ရေး 
သုံးပါတီ သဘောထား 
ခေတ်တရားက သုံးပွင့်ဆိုင်။ 


ထီးသုဉ်း နန်းသုဉ်း 
မြို့သုဉ်း သုည 
သုဉ်း သုံး ဝ ဖြင့် ဖြစ်လာရလေ 
တို့တစ်တွေသည် 
သုံးချောင်းထောင်တဲ့လက်တွေပဲ။ ။ 

မောင်လွမ်းဏီ 
၅ - ၆ - ၂၀၁၄ 

No comments: