ခုတလော ရေးလိုက်မိတဲ့ကဗျာတွေက
ကဗျာမဖြစ်ဘူး။
ခေတ်ကခေတ်ကိုချနင်းပြီး
ရာဇဝတ်မှုတွေက
ဗိုင်းရပ်စ်ပိုးလိုပွားများတဲ့ ဒီကောင်းကင်အောက်မှာ
ဘီယာတခွက်ကလည်း အရသာမဲ့သွားသလို
ကဗျာတွေက ကဗျာမဖြစ်ဘူး။
ကဗျာတွေကို ရှင်စေချင်ခဲ့တဲ့
ကဗျာဆရာတယောက် သေသွားတာကလွဲလို့
နောက်ဖေးပေါက်ကနေ အူယားဖားယားပြေးဝင်လာတဲ့
ခါတော်မီ တော်လှန်ကဗျာဆရာတွေ
ခါတော်မီ တော်လှန်ရေးသမားတွေ
ခါတော်မီ ငြိမ်းချမ်းရေးသမားတွေကို တွေ့မြင်နေရတော့
ကဗျာတွေက ကဗျာမဖြစ်ဘူး။
ကျောင်းပြန်လာချိန်
အိမ်ပျောက်သွားတဲ့ ကလေးငယ်တယောက်ကိုတွေ့ရတော့
ကျပျောက်သွားတဲ့အိပ်မက်တွေကို ပြန်ကောက်ရပေမယ့်
ကဗျာတွေက ကဗျာမဖြစ်ဘူး။
အဖော်မဲ့ရက်စွဲတွေနဲ့
အထီးကျန်မှုတွေက
ကိုယ့်ရဲ့ သောက်ဖော်စားဖက်ဆိုတော့လဲ
ဘဝရဲ့ဒဏ်ရာတွေကို
ဆတ်ဆတ်ခါ ချစ်လာမိတော့တယ်
ကဗျာတွေက ကဗျာမဖြစ်ဘူး။
သေချာတာက
ဘယ်လိုရေးရေးကို
ကဗျာတွေက ကဗျာမဖြစ်ဘူး ...။ ။
ဒီလက်မျိုး
(ခေတ္တ) အမေရိက
ဖေဖော်ဝါရီလ ၂ ရက်၊ ည ၁၁ နာရီ
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment