ဒီအိပ်မက်က
စိုက်ပြီးသားသစ်ပင် ပြန်စိုက်ရတာပဲ
ဘယ်နှပင်စိုက်စိုက် ဒီအိပ်မက်
ဥယျာဉ်ဘယ်နှခုတည်တည် ဒီဆန္ဒ
သစ်တောကြိုးဝိုင်း ဘယ်လောက်ကျယ်ကျယ် ဒီသဘောထား
ကမ္ဘာမြေအတွက် သဘာဝပတ်ဝန်းကျင် ဘယ်လောက် စိမ်းလန်း စိမ်းလန်း
ဒီစခန်း ဒီခရီးက မလွတ်ဘူး
အချိုးခံရတဲ့ ကိုင်းကပဲ အတက်ထွက်ထွက်
ကိုင်းချိုးပြီးပဲ အပင်ပျိုးပျိုး
ဒီအပင် ဒီအကိုင်း ဒီအရွက်တွေက
ဒီအိပ်မက်တွေပဲ ဖူးပွင့်လာတော့
ဒီလိုနဲ့ ဒီလမ်း ဒီလောက်အထိ ဒီထွက်ခဲ့တာ
ဒီအိပ်မက်တွေက လာခဲ့တော့
ဒီအိပ်မက်တွေနဲ့ ဆက်သွားမယ်
ဒီလိုနဲ့ ဒီအကြောင်း ဒီအတိုင်းဆက်ပြောရင်း
ဒီအချိန်တွေ ကုန်သွားမှာကိုတော့
ဒီအတိုင်းကြည့်နေဖို့ မသင့်တော်တဲ့အကြောင်း
အကြောင်းအကြောင်းတွေက အက်ကြောင်းပေးနေတယ်…။
၂၀၁၃၊ ဇူလိုင်၊ ရနံ့သစ်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment