Sunday, July 7, 2013

ဗုဒ္ဓဂါယာမှာ ဗုံးကွဲမှုတွေဖြစ်ပွား

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိစေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေနေ့ မနက် ၆ နာရီလောက်က ဗုံးပေါက်ကွဲမှု အသေးစား ၄ ခုလောက် ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် အနီးဝန်းကျင်နေရာတွေမှာလည်း နောက်ထပ် ဗုံး ၅ လုံးလောက် ထပ်ပေါက်ခဲ့

 
မဟာဗောဓိ ညောင်ပင်ရှေ့က ခြေတော်ရာနေရာမှာလည်း ပေါက်ကွဲခဲ့။ ဗုံးတွေဟာ ချိန်ကိုက်ဗုံးတွေဖြစ်ပြီး တလုံးနဲ့တလုံး ၅ မိနစ်လောက်ခြားပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ 


ဂျပန် ဗုဒ္ဓရုပ်ပွားတော်ကြီးနားကလည်း မပေါက်သေးတဲ့ ဗုံးတလုံးကို ရှာတွေ့ခဲ့ပါတယ်။ 

 
ပေါက်ကွဲမှုကြောင့် မြန်မာဘုန်းတော်ကြီးတပါး ဒဏ်ရာရလို့ ဆေးရုံတင်လိုက်ရပါတယ်။ 

 
တိဗက်ဘုန်းတော်ကြီးတပါးနဲ့ ဒေသခံ လူ ၅ ဦးလည်း ဒဏ်ရာရရှိခဲ့။ 

 
မပေါက်သေးတဲ့ ဗုံးတလုံးကို လုံခြုံရေးက စနက်တံ ဖြုတ်နေစဉ်။

 
 
အခုတော့ မဟာဗောဓိကျောင်းတော်တဝိုက် လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါပြီ။ 

(သတင်း၊ ဓာတ်ပုံ - ဘီဘီစီ) 


 

No comments: