Friday, May 10, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၇ (ကိုညို)

“ပြောက်ကျား အနုပညာ” 

လပေါင်းများစွာ ဒီမျက်နှာ၊ ဒီမြင်ကွင်း၊ ဒီထမင်း ဒီဟင်းနဲ့ ဒီလေ့ကျင့်ခန်း၊ ဒီစခန်းထဲ အနေကြာလာတော့ ကျနော်တို့တတွေ ငြီးငွေ့နေပြီ၊ တယောက်နဲ့တယောက်လည်း ဟိုလူ့ကိုကည့်မရ၊ ဒီလူက ဘာဖြစ်တယ် ဒီခေါင်းဆောင်က မျက်နှာလိုက်တယ်၊ အုပ်စုမွေးနေတယ်ဆိုတာတွေနဲ့ မတည့်အတူနေတွေ ဖြစ်ကုန်ပြီ။ ပြဿနာဖြစ်ရင်လည်း အစည်းအဝေးနဲ့ မီးဖိုချောင်က များတယ်။ အစည်းအဝေးတခုပြီးသွားရင် တယောက်နဲ့တယောက် မခေါ်နိုင် မပြောနိုင် ရန်သူတွေလိုဖစ်ကုန်တယ်။ 

ဝက်သား၊ အမဲသားချက်တဲ့နေ့ဆို အတုံးမညီလို့ ပြဿနာဖြစ်မှာစိုးပြီး ကိုဘရမ်နဲ့ ချက်ပြုတ်ရေးတာဝန်ကျသူတွေဟာ အသားတွေခုတ်ထစ်ပြီး အတုံးတွေမျှတအောင် အကြီးအသေးအလိုက် အပ်ချီတွေနဲ့တွဲချီပြီး ရောချက်တယ်။ ဟင်းဝေရင် အသားတုံးတွေက အပ်ချီတွဲလေးနဲ့။ တပ်စုမှူးနဲ့ စခန်းတာဝန်ခံခါင်းဆောင်တွေကလည်း ကိုယ်ထဲကလူတွေရဲ့အခြေအနေကို အမြဲအကဲခတ်နေရတယ်။ အစုအဖွဲ့တခုထဲမှာ တယောက်နဲ့တယောက်မတည့်ရင် ပြဿနာဖြစ်မှာစိုးလို့ ခေါင်းဆောင်တွေ ခေါင်းချင်းရိုက်ညှိနှိုင်းပြီး တပ်စု မတူအောင်ခွဲထားရတာတို့ ပြေလည်အောင် ကြားဝင်ညှိပေးရတာတို့ လုပ်ပေးရတယ်။ 


မညီညွတ်မှုတွေ၊ သဘောထားတင်းမာမှုတွေကြား အကောင်းဆုံးထွက်ပေါက်တခုက ဂီတ အနုပညာပဲဖြစ်တယ်။ အစောပိုင်း ကျနော်တို့စခန်းကိုရောက်စက ဘာတူရိယာမှလည်း မရှိပါဘူး။ တနေ့ တမူးက ကိုဝင်းနောင် စခန်းအနီးတဝိုက်မှာ မဏိပူရစစ်သားတွေပစ်ထားတဲ့ အရက်ပုလင်းခွံတွေ လိုက်ကောက်ပြီး စုနေတာတွေ့တယ်။ ကိုဝင်းနောင်က သီချင်းအဆိုကောင်းသလို အသံလည်းကောင်းတယ်။ သီချင်းလေး ဘာလေးလည်း စပ်တယ်။ 

သူရဲ့ မာစတာပိစ် သီချင်းလေးကတော့ သန်းထွန်းလေးရဲ့ “မွေးဌာနေ” အလိုက်နဲ့ စပ်ထားတဲ့ “ပွေးဌာနေ” သီချင်းလေးပဲ။ ကျနော်တို့ရောက်ခါစ သမံတလင်းပေါ် ကောက်ရိုးခင်း အပေါ်က ဂုံနီအိပ်နဲ့ချုပ်ထားတဲ့ ကောက်ရိုးမွှေရာကြောင့် စခန်းတခုလုံး ဝဲတွေ စွဲတယ်။ လူတိုင်း ဘာစကေဘီ ယားနာဆေး လိမ်းနေရတယ်။ သူ့သီချင်းက ကျနော်တို့ရဲ့လက်တွေ့ဘဝကို ထင်ဟတ်တော့ အားလုံးက မနောခွေ့တယ်။ ကိုင်းနောင်က ညအိပ်ရာခါနီး ဂီတဆည်းဆာချိန်တိုင်း ဘီးတချောင်းမှာ စက္ကူကပ်ပြီး ဘာဂျာလိုမှုတ်ရင်း ပွေးဌာနေသီချင်းဆိုလေ့ရှိတယ်။ 

“ယားပါသည် ××× ပေါင်ကြားဆီက ×××× ဘယ်လိုဘယ်နည်း ကုတ်ရမှန်းမသိ ××× (ယားလှပါသည်)၂ ဆေးဝါးမလောက်လို့ အဖုလုံးလေးတွေ ××××× တလိပ်လိပ်တက်ခါ ဖင်မှာပေါက်တော့သည် ×× ဘာစကေဘီ ×× မနိုင်လေပြီ ... ကျနော့်အတွက်တော့ ×××× ဘောယားနေပါသည်”...။ 

ကိုဝင်းနောင်က ပစ်ထားတဲ ပုလင်းဟောင်း တော်တော်များများရတော့ ပုလင်းလည်ပင်းကို ကြီးစဉ် ငယ်လိုက် ကြိုးလေးတွေနဲ့ ဆွဲလိုက်တယ်၊ ပြီးတော့ ပုလင်းတချို့ကို ရေနည်းနည်းစီဖြည့်ပြီး ဒို-ရေ- မီ-ဖာ-ဆို-လာ-တီ-ဒို သံစဉ် ၇ ပေါက်နဲ့ ကြိုးစားပြီး အသံညှိတယ်။ ဒါနဲ့ပဲ ဒုက္ခသည် တူရိယာ ပုလင်းပတ္တလားလေးဖြစ်လာတယ်။ အလံတိုင်အနီး အုတ်ကန်ထောင့်မှာ ချိတ်ဆွဲထားတဲ့ ကိုဝင်းနောင်ရဲ့ ပုလင်းပတ္တလားလေးဟာ စခန်းကလူ တယောက်ပြီးတယောက်ရဲ့ တချွှင်ချွှင်တီးခေါက်ပြီး အပြင်းပြေ စိတ်ထွက်ပေါက်ရှာရာ တူရိယာလေးတခုပေါ့။ 

နာက်ပိုင်းမှာ စခန်းကို နာဂရွာထဲက ဂစ်တာအဟောင်းလေးတလုံး ဘယ်သူ ငှားလာလဲမသိဘူး။ ကျနော်တို့တတွေရဲ့ အပျင်းပြေ ဂီတလေးဖြစ်လာတယ်။ ကိုဝင်းနောင် ကျနော်နဲ့ စခန်းအတွက် ဂစ်တာအိုးကွဲလေးက အဓိကကျတဲအန်တာတိန်းမင့်လေးဖြစ်လာတယ်။ အဲဒီဂစ်တာအစုတ်လေးက ကျနော်တို့အတွက် တော်လှန်ရေးသီချင်း၊ စစ်ချီသီချင်းတွေ မွေးဖွားပေးခဲ့တယ်။ ပြီးတော့ ဆရာထူး စခန်းမှာရှိနေတုန်းက သူ့ရဲဘော်တွေကိုမှာလိုက်လို့ သူ့ရဲ့ခင်သန်းနုကြီးလည်း ရောက်လာပြီး ကျနော်တို့ကို အသုံးတော်ခံခဲ့သးတယ်။ ဆရာ့မယ်ဒလင်အိုးရဲ့ ကောက်ကြောင်းကိုအစွဲပြုပီး ခင်သန်းနုလို့ နာမည်ပေးထားတာပါ။ ခိုက်ခိုက်တုံနေတဲ့ ဆောင်းဒဏ်ကိုအံတုဖို့ အပေါက်တွေဖောက်ထားတဲ့ လေးဒေါင့်သံပုံးကြီး (ဆီပုံးဟောင်း)ထဲ ထင်းရှူးသီးခြောက်တွေ ထင်းရှူးဆီသားတွေထည့်ပြီး ဝိုင်းဖွဲ့မီးလှုံကြတယ်။ ဆရာထူးက မဲဇာတောင်ခြေသီချင်းလေး တီးဆိုပြရင် ကျနော်တို့အလွမ်းတွေက ဘယ်ဆီဘယ်ဝယ် ...။ 

၁၉၈၉ တန်ဆောင်မုန်းလပြည့် မတိုင်မီ…။ 

စခန်းက ရဲဘော်အားလုံး အလုပ်ရှုပ်နေကြတယ်။ ပန်းချီကိုလေး(မန္တလေး) က ဂျပ်ပြားထူထူကီးမှာ အစိမ်းရောင်ကဲတဲ့ ရောင်စုံဖောင်းကြွ ကဒေါင်းရုပ်ကြီး ဆွဲနေတယ်။ လက်ရာမြောက်လွန်းတဲ့ အဲဒီပုံကို အဆောင်ထဲမှာ ဆောက်ထားတဲ့ ဇာတ်စင်မြင့် နဖူးစီးနေရာမှာ ချိတ်ဆွဲထားတယ်။ အောက်က ရွှေရောင် ဖောင်းကြွစာတမ်းလေးက “ဒေါင်းအိုးဝေဝေ ... အငြိမ့်” တဲ့။ 

ကိုဘရမ်နဲ့ စစ်နိုင်ဦး၊ ကိုရဲတို့က ဇာတ်ခုံပေါ်မှာ လိုက်ကာတွေချိတ်ပီး အလုပ်ရှုပ်နေတယ်။ လိုက်ကာတွေဆိုတာက ပီးခဲတဲ ၃-၄ ရက်ကမှ မိုးရေးကုန်သည်ကီးများအဖွဲ့က ပို့လိုက်တဲ လုံခြည်အသစ်တွေပါ။ မချုပ်ရသေးတဲလုံခြည်တွေမှာ ပိုင်ရှင်တွေရဲနာမည်တွေ မှတ်သားရေးခိုင်းပီး အငိမ့်ကန့်လန့်ကာ လုပ်နေတာပါ။ ဇာတ်စင်အတွက် ခွဲစိတ်ပီးသား အပေါ်ယံထင်းရှူးပကာသားတွေကို ကျနော်တို့ဇာတ်အဖွဲ့တွေက တောင် ၂ လုံးလောက်ကျော်ပီးတာထဲက လွှစင်အဟောင်းတွေမှာ ရှာဖွေ ထမ်းလာကြတာဖြစ်တယ်။ 

တန်ဆောင်တိုင်ပွဲနီးလာတာနဲ့ စစ်ရေးပြလေကျင်ခန်းတွေ မလုပ်ရတော့ဘူး၊ အပီအပြင်နားလိုက်တယ်။ မနက်ရော ညနေရော ... စခန်းနောက်ဖေး ထင်းရှူးတောမှာ ဇာတ်တိုက်တယ်။ ပြဇာတ်တိုက်တယ်။ ဒါရိုက်တာက ပန်းချီထိန်လင်း။ စစ်နိုင်နဲ့ ကျနော်က အတိုင်ပင်ခံ ဇာတ်ဆရာတွေ။ ပွဲနီးတော့ လူတိုင်း ကိုယ်တာန်နဲ့ကိုယ် တက်တက်ကြွကြွဖြစ်နေကြတယ်။ 

စခန်းတာန်ခံဒါက်တာအောင်ကျော်ဦးနဲ့ ကိုဘရမ်တို့က စစ်တပ်က မီးစက်ငှား၊ ပြင်ပဧည်သည် ဖိတ်ကြားရေး။ မော်ကျွန်းနဲ့ သံခဲ (ABSDF ဥက္က) တို့က ရွာထဲသွားပြီး ပြဇာတ်ကဖို့ အတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ သွားငှားကြတယ်။ တန်ဆောင်တိုင်ည အစားအသောက်အတွက် ကိုရဲသူရိန်(ကိုရဲမြင့်-မန္တလေး) က တာန်ယူတယ်။ စင်ဆောက်သူ၊ ထင်းကိုရှာသူ၊ အားလုံး တာန်ကိုယ်စီနဲ့ပေါ့။ ကျနော်နဲ့ ကိုထိန်လင်းက စခန်းနဲ့  ၂ နာရီကြာလောက် လမ်းလျှောက်သွားရတဲ ကွန်မရာသာဗီ လို့ခေါ်တဲနာဂရွာလေးကို ညကီးသွားကြတယ်။ ရွာမှာမန်မာပြည်ကနေပြောင်းလာတဲ နာဂကီး ဦးချို (ကွယ်လွန်)ရဲအိမ်သွားပီး သီချင်းတွေ သွားကူးတယ်။ အပြန်မှာ လသာသာနဲ့ အဝေးပြေးကားလမ်းမပေါ် ကက်ဆက်ကီးဖွင့် ဗမာသီချင်းတွေနားထောင်ပီး လာခဲ့ကြတဲညကို အခုထိ လွမ်းနေမိသေးတယ်။ တောင်ပေါ်မှာချည်း သွားလာနေရာက မြေပြင်ညီ ကားလမ်းပေါ်လမ်းစလျှောက်တော့ ခြေလှမ်းတွေက မြောက်ကွမြောက်ကွနဲ့ သွက်လက် လွတ်လပ်နေတဲအရသာကို အခုထိ မမေ့ဘူး။ 

အမှန်တော့ အဲဒီမတိုင်ခင် စခန်းမှာ သူ့အုပ်စုကိုယ့်အုပ်စုနဲ့ အစုအဖွဲ့တွေဖြစ်နေတာ။ အဲလိုအနေအထားမျိုးကြီးကို ကျနော်တို့်အားလုံးက သဘောမကျကြဘူး၊ ဒါနဲ့ တန်ဆောင်တိုင်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ကပြကြမယ်ဆိုပီး အစည်းအဝေးမှာ တင်ပြကြတာကို အားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြတာပါ။ 

ပွဲမစခင်ကတည်းက ကျနော်တို့ရဲတောင်ကုန်းကီးဟာ မီးရောင်တထိန်ထိန်နဲ့ လှလိုပလို့၊ မီးပုံးလေးတွေတောင်ပါလိုက်သေး။ တကယ့် အရပ်ပွဲတခုလိုပဲ။ အရင်က ရေနံဆီမီးခွက်လေးနဲ့နေခဲတာ အခုတော့ မီးစက်ကီးမောင်းတဲအသံနဲ့ စခန်းဟာ ဆူညံညံ အသက်င်နေတယ်။ဇ်ာင်းဆက်ရဲကာင်ဂျင်ဝိုင်းမှာလည်း လူတော်တော်စည်တယ်။ ဘီဒီဆေးလိပ်လေးတွ အလောင်းအစားလုပ်တာပါ။ အမှတ် ၈ ရိုင်ဖယ်တပ်ရင်းက ကသဲ အရာရှိတွေလည်း ပွဲကြည့် ပရိတ်အဖြစ် လာကြတယ်။ စခန်းအနီးတဝိုက်က နာဂနဲ့ ကသဲ ရွာသူရွာသားတွေ တအုပ်ကီး ပွဲကြည်ဖို့ တက်လာကြတယ်။ လေထန်တောင်ကုန်းပေါ်က ကျနော်တို့စခန်းကို ထူးထူးဆန်းဆန်းဖြစ်နေကြတယ်၊ ဟိုငေး ဒီငေး။ 

ဧည်သည်တွေကို ပဲပလာတာ၊ လက်ဖက်ရည်နဲ့ မုန့်တွေကျွေး ဧည်ခံတယ်။ တောထဲက ဒုက္ခသည်စခန်းတာင်ကုန်းလေးဟာကျးလက်ပွဲတော်လေးတခုနဲ့ ဆင်တူနေတယ်။ ဒေါက်တာအောင်ကျော်ဦးက အားလုံးကိုကျးဇူးတင်စကားပြောသလို ကသဲအရာရှိတွေကလည်း ကျနော်တို့တတွေ ပျော်ရွှင်တာကို မ်းသာတဲအကြောင်း လိုအပ်တာ ကူမယ့်အကြောင်း ပြောတယ်။ 

ပွဲစတော့ ခေတ်ပေါ်သီချင်းတွေ အရင်ဆိုတယ်။ တော်လှန်ရေးသီချင်းတွေရော အချစ်သီချင်းရော။ ကိုဘရမ်က အချစ်သီချင်းဆိုရင်လည်း တော်လှန်ရေးသီချင်းဆိုနေသလိုမျိုး ကသဲဧည်သည်တွေကို ခပ်တည်တည်နဲ့ ထင်ရာမြင်ရာ ဘာသာပြန်ပေးတယ်။ စင်ပေါ်မှာ မိုက်ကရိုဖုန်းက မရှိဘူး၊ ကျနော်က အစီအစဉ်ကြာ်ငြာသူ၊ရခွက်တခွက်ကို မိုက်ကရိုဖုန်းပုံစံနဲ့ ခပ်တည်တည် ကိုင်ပြောတယ်။ တယောက်ယောက်ကနာက်ပြောင်ချင်လို့ မကြာခဏ ခွက်ကိုဆွဲသွားရင် မိုက်ပျောက်တယ်ဆိုပီး လိုက်မေးမြန်းရတာ အမော။ ဒီကြားထဲ ကိုအောင်ဆန်းလင်းနဲ့ ကျောက်ခဲက ဘယ်နေရာက ဘယ်လို အရက်တွေသောက်လာလည်း မသိဘူး၊ မူးမူးနဲ့ ဇာတ်စင်ပေါ်တက်လာပီး အပီအပြင် ရှိတ်ဆွဲနေလို့ လုံခြုံရေးတာန်ယူထားတဲကာရာတေးဆရာ ကိုရဲမြင်စိုးတို့က စင်ပေါ်က ဆွဲထုတ်ရတယ်။ တကယ့်ကို ရပ်ကွက်ထဲက တန်ဆောင်တိုင်ပွဲစရိုက်တွေအတိုင်းပဲ။

ကျနော်တို့ကတဲ ပြဇာတ်နာမည်က “ကွေမှပွင်သာ ပန်းတပွင်” တဲ။ ကိုထိန်လင်းရးတဲဇာတ်။ ဇာတ်လမ်းက ၈လးလုံး အာဏာသိမ်းပီးနောက် တက္ကသိုလ်က ချစ်သူ ၂ယာက်နဲ့ သူငယ်ချင်းတွေ အိန္ဒိယနယ်စပ်တာခိုလာတယ်။ အိန္ဒိယမှာ စစ်ရေးလေကျင်တယ်၊ လက်နက်ကိုင်ပီး စစ်အစိုးရကို ပြန်တိုက်တယ်၊ တိုက်ပွဲမှာ ဇာတ်လိုက်ကျသွားတယ်။ ဇာတ်လိုက်က စစ်နိုင် (သူက တကယ်လည်း နယ်စပ်မှာ တိမ်းပါးသွားတယ်) မင်းသမီးက ကိုသံခဲ (ABSDF ဥက္က)။ ဒီဇာတ်ကို ကျနော်ရေးထားတဲ “တော်လှန်ပန်းခင်း” ဆိုတဲကဗျာလေးနဲ့ ကျနော်ကိုယ်တိုင်ရွတ်ပီး ဖွင်တယ်။

“တပွင့်ကွေရင် ... နစ်ပွင့်ဝေမယ်၊
 ကွေတာကိုက ပွင့်ခြင်းပဲ။ 
ဟိုးတရက်က ... မင်းရဲလက်နဲ့ 
ပန်းခင်းဖျက်ဖူး မမေ့ဘူး။ 
မနေ့ကလည်း ဖူးစပွင့်စ ပန်းလှလှတွေ 
ကြမွပြန့်ကြဲ မင်းလက်ထဲမှာ။ 
အခုလည်းလေ မြေထဲကွေဆဲ ရဲရဲပန်းတွေ 
မ်းနည်းပက်လက်တွ့ရတယ်။ 
ဒါပေမယ့်လေ ... 
အဲဒီမြေမှာ 
ဏ်ပျိုးတိုင်း၊ နံနက်တိုင်းမှာ 
ပန်းမျိုးစုံစွာတွ့ရတယ်၊ 
ပန်းရောင်စုံဖြာ ဖူးပွင်တယ်။ 
ဟ့ ... တပွင့်ကြွေရင် နှစ်ပွင့်ဝေမယ် 
ကွတာကိုက ပွင့်ခြင်းပဲ။ 

ဒီကဗျာလေးကို ကျနော်က ရွတ်ပီးတဲ့နောက် ပြဇာတ်အစ ကန့်လန့်ကာဖွင်တာနဲ့ မင်းသမီး ကိုသံခဲနဲ့ မင်းသမီးသူငယ်ချင်းမ်ာကျွန်းတိုနှုတ်ခမ်းနီ ပါးနီတွေ ဆံပင်တုတွေနဲ့ ဘယ်က ဘယ်လိုငှားလို့ရလာမှန်းမသိတဲကသဲထမီတွေ အင်္ကျီတွေ ဘရာဇီယာတွေဝတ်ပြီး အကြော့သားပြင်ဆင်ထားတာ အားလုံးကတောင် လူမှားလောက်တယ်။ အမူးသမား ကျောက်ခဲနဲ့အာင်ဆန်းလင်း စင်ပေါ်တက်ပီး ကိုသံခဲ ပါး အတင်းနမ်းမယ် တကဲကဲလုပ်လို့ လုံခြုံရေး ကိုရဲစင်ပေါ်က အတင်းဆွဲချနေရတယ်။

စစ်နိုင်နဲ့ သံခဲတို့အတွဲကလည်း အညအခရာလေးတွေနဲ့ အမူအရာတ်ာတော်ပိုင်တယ်။ပီးတော့ ကျောင်းတွင်းဆန္ဒပြတဲအခန်းတွေ ၈လးလုံး သရုပ်ပြကွက်တွေလည်း ပါတယ်။ ကိုသံခဲ အကို ကိုသံဒုတ်က သူ စက်မှုတက္ကသိုလ် ကျောင်းသားဘက တကယ်တရားဟောခဲတဲမိန့်ခွန်းနဲ့ ဟန်အတိုင်း တရားဟောတယ်။ သံဒုတ်က အတိတ်က တကယ်ဖြစ်ခဲတဲအတိုင်း စိတ်ပါလက်ပါဟာတာ။ ကိုသံဒုတ် တရားဟောတဲပကွက်ထဲမှာ မျက်နှာကို လက်ကိုင်ပုဝါအုပ်ဟောနေရင်း လူအုပ်ထဲက တယောက်က “လက်ကိုင်ပုဝျွါတ်ပြပါဗျို့” လို့အော်ပြောတော့ ကိုသံဒုတ်က “ဟုတ်တယ်၊ အမှန်တရားအတွက်တိုက်တာ ဘာမှ ကြောက်စရာ ဖုံးကွယ်စရာ မလိုဘူး” လို့ပြောရင်း လက်ကိုင်ပုဝါကို ဆွဲခွာလိုက်တာမျိုးလည်း ပါတယ်။

အဲလို ပရိတ်ထဲက လက်ကိုင်ပုဝါချွတ်ခိုင်းရမယ့်သူက ကိုလေးပွ (ရဲမင်းသိန်း)ပါ၊ သူက လူအေး၊ စကားပြောနည်းလွန်းလို့ တဇာတ်လုံးမှာ အဲဒီတခွန်းပဲပြောဖို့ တာန်ပေးထားတယ်။ဖစ်ချင်တော့ ကိုသံဒုတ် တကယ်တက်လာတော့ မျက်နှာကို လက်ကိုင်ပုဝါ စည်းခဲဖို့ မေ့နေတယ်၊ ကိုလေးပွကလည်း သူက ဒါလေးတခုပဲ ပြောရမယ့်အခန်းဆိုတော့ အခြေအနေကို ဘာမှ မစဉ်းစားတော့ဘူး၊ ဇာတ်တိုက်ထားတဲအတိုင်း သူအ်ာရမယ့်အခန်းလည်းရောက်ရော “လက်ကိုင်ပုဝါချွတ်ပြပါဗျို့” လို့ အော်ဖြစ်အောင်အ်ာလိုက်သေးတယ်။ ကိုသံဒုတ်ကလည်း အူကြောင်ကြောင် ဖြစ်သွားတယ်။ နောက်တော့ ခပ်တည်တည်ပဲ ဇာတ်တိုက်ထားတဲအတိုင်း လက်ကိုင်ပုဝါမရှိတဲမျက်နှာပေါ်ကနေ လက်ကိုင်ပုဝါချွတ်ပြတဲဟန်လေး လုပ်ဖြစ်အောင်ကို လုပ်သွားတော့ ပရိတ်က တဝါးဝါးနဲ့။ ပြဇာတ်ထဲက အရေးကီးတဲ နိုင်ငံရေးအပြောင်းအလဲ ရက်စွဲတွေကို တယောက်က ကျယ်ကျယ်လေး အော်ပေးပီး ကျန်တဲ့လူတွေက ဝေးဟေးဟေးနဲ့ လက်ခ်ုတီးပေးရတာလည်း ပါတယ်။

ဥပမာ ...”ဆန္ဒပြပွဲမှာ မြန်မာ့တပ်မတော်သားတွေ ပူးပေါင်းပါင်လာပီတဲ့ေ ဆိုရင် ... အားလုံးက ဝေးဟေးနဲ့အော်ပီး လက်ခုပ်တီးကြတယ်။ 

လူသတ်သမားစိန်လွင် ပြုတ်ကျသွားပါပြီ ... ဝေးဟေးဟေး ... 
ပုဒ်မ ၁၄၄ ရုတ်သိမ်းသွားပါပီတဲ့ေ ဝေးဟေးဟေး ... 
ဒါက်တာမောင်မောင် ရာထူးက နှုတ်ထွက်သွားပီဟေ့ ... ဝေးဟေးဟေး 
စင်ပိုင်အစိုးရဖွဲ့တော့မယ်တဲ့ေ့ ... ဝေးဟေးဟေး ... 

အဲဒီလို ဝေးဟေးဟေးနဲ့ ညာသံလိုက်တာ အရှိန်ကရနေကြပီ။ စက်တင်ဘာ ၁၈ စစ်တပ်အာဏာသိမ်းလိုက်ပီတဲ့လေို့ အော်လိုက်တော့ ... ဝေးဟေးဟေး ... နဲ့ လက်ခ်ုဝိုင်းတီးလို့ ကိုးကားရားတွေဖြစ်ရသေးတယ်။

နောက်ထပ် ကိုးရိုးကားရားအဖြစ်တွေက သေနတ်ပစ်ပီး အာဏာသိမ်းတဲအခန်းမှာ ကျနော်နဲ့ နိုင်နိုင်(တမူး) ဖောက်ရတဲ ဗျောက်အိုးတွေကယမ်းတွေ အပီးမကွဲလို့ သေနတ်သံမမြည်ဘဲ အသားလွတ် အားနဲ အားနဲ အော်ပြီး လဲသေလိုက်ရတဲအဖြစ်တွေပါ။ ဗျောက်အိုးကလည်း သူများသေပီးမှ ထပေါက်ကွဲလို့ ဒုက္ခရောက်ရသေးတယ်။ နောက်တခုက ကျောင်းသားရဲဘော်တွေ စစ်ရေးလေကျင့်နေတဲအချိန် စင်အောက်ကနေ မြူခိုးပုံစံ မီးခိုးမှိုင်းထုတ်တဲ့ ပြကွက်ပါ။ 

“BDGF ရဲသားကောင်းတွေ ×× အမိနိုင်ငံကို ကယ်တင်ဖို့အတွက်လ့ကျင့်နေ ××ျွးတွေမြေခနေ ×× မဏိပူရမြေ ××
ညီအကိုပေါင်းစုလို့ရှိနေ ××ရမြေခြားကွာ ×× တိုင်းတပါးမှာနေ ×× သူရဲကောင်းတွေရေ ×× 
ဘုံရန်သူကို အမြစ်ဖြတ် တိုက်ခိုက်မလေ ×× 

ကိုခင်မောင်ရီ (အာရကန်) ရေးတဲ BDGF ပျောက်ကျားတပ်ဦး စစ်ချီတေးကို ဝိုင်းဆိုပီး စစ်ရေးလေ့ကျင့်နေတဲအချိန် စင်အောက်က မီးခိုးတွေက မြူခိုးတွေလို မျှင်းမျှင်းလေး မထွက်လာဘဲ သစ်ရွက်စိုတွေများသွားလို့ မီးခိုးလုံးတွေ တလိပ်လိပ် အပေါ်တက်လာလိုက်တာ နောက်ဆုံး စင်တခုလုံး မီးခိုးတွေမွှန်ထူပီး သူရဲကောင်းတွေ မျက်စေ့တွေစပ်လို့ ဆင်းပြေးရပါတော့တယ်။ 

ဘယ်လိုပဲဖြစ်စေ ကျနော်တို့ပြဇာတ်ကအာင်မြင်ပါတယ်။ အတော်လေးရယ်ရသလို လွမ်းစရာလည်းကာင်းပါတယ်။ အထူးသဖြင့် အမျိုးသမီးသရုပ်ဆောင်မ်ာကျွန်းနဲ့ သံခဲတို့ဟာ သူတို့ငှားလာတဲတ်အစားတွေ တခန်းပီးတခန်း မရိုးရအောင် အမျိုးမျိုးဝတ်၊ ဆိုက်တွေ ဂိုက်တွေပြ ရှိုးထုတ်သွားကြတာကို ပရိတ်တ်က သဘောကျလိုဆုံးဘူးဇ်ာင်းဆက်နဲ့ ကိုဇော်ကီးကလည်း မျက်လှည့်အစီအစဉ်နဲ့ ကရာတေးစွမ်းရည်ပကြသေးတယ်။ 

ပွဲပီးတော့လည်း ဖြစ်ပျက်ခဲတဲကသောင်းကနင်း ရယ်စရာတွေကို ပြန်ပြောပီး တဝါးဝါးနဲ့ မအိပ်နိုင်ကြ။ စခန်းထဲကလူအားလုံးပျာ်နေကြတယ်။ အဲဒီတန်ဆောင်တိုင်ညလေးဟာ ကျနော်တိုအားလုံးရဲ ညီညွတ်ရေးကို ပြန်ရခဲတဲည၊ နားလည်မှု ယုံကြည်မှုတွေနဲ့ အပြန်အလှန်လေးစားမှုတွေ ခံစားရတဲည၊ စုပေါင်းပီး ကိုယ့်အခန်းကဏ္ဍနဲ့ကိုယ် တာန်ယူကြလို့ အောင်အောင်မြင်မြင်ဖြစ်ခဲတယ်။ 

အရင်က ကြည်မရသူတွေ မတည့်သူတွေလည်း ပြန်လည်ရင်းနှီး သင့်မြတ်သွားတယ်။ ဖြစ်ချင်တဲ့ ဘုံအလုပ်တခုကိုလုပ်ဖို့ အခွင်အရေးမရခဲတာကြောင်ကျနော်တို့ရဲလူငယ်ဘနဲ့ လွတ်လပ်မှုတွေ တောထဲတောင်ထဲမှာ အချိန်ကာလတခုအထိ ဆုံးရှုံးခဲရပါတယ်။ မွန်းကြပ်ပီး ထွက်ပေါက်ပိတ်နေတဲ့ ကျနော်တို့အတွက် အနုပညာနဲ့ ဂီတလေးတွေက စိတ်ရွှင်မြူးပီး လူပီပီသသ ခံစားလို့ရတဲအခွင်အရေးကို ပေးခဲတာပဲလေ။ အမှောင်ကျနေခဲ့တဲဝလေးထဲက ဒေါင်းအိုးဝေဝေ ညလေးကို ကျနော်တို့ သတိတရ လွမ်းမိနေတုန်းပါ။ 

ကိုညို
၁၀ မေလ ၂၀၁၃


 

No comments: