Wednesday, May 1, 2013

ဒေါင်းဖတ်စာ မှာတော်ပုံ (မောင်လွမ်းဏီ)

ဒေါင်းလံပုဝါ အုပ်ပါလို့
ကျုပ်တို့လည်း ပို့ဆောင်လိုက်ပါခဲ့သပေါ့။

ကောင်းကျိုးအထွေထွေနဲ့ ချွန်စေ မြစေစော
ဒေါင်းအိုးဝေရယ်တဲ့ တွန်စေ ကစေသော လို့
အဖိုးသခင်ကလည်း ပြောခဲ့တယ်။


တပ်ဦးကျောင်းသားရဲ့ ဒေါင်းအိုးဝေက
မင်းရာမကို
ဒေါနတောင်ပေါ်က ခွာချလို့ မရ
တော်လှန်ဘဝ ရုပ်ကြွင်းတွေက အလေးပြုကြတယ်။

မောင်လွမ်းဏီ 
၂၆ - ၄ - ၂၀၁၃


 

No comments: