တဘဝလုံး ငါ့မှာ ဖျက်မရတော့မယ် အလွမ်းတွေ
အမေရိုက်မယ်ဆိုတာလည်း သိတယ်
အဖေ မနှစ်မြို့ဘူးဆိုတာလည်း ကြိုမြင်ခဲ့တယ် ...။
ခုလို နှင်းတွေ ...
နှင်းတွေအားလုံး နီစွေးသွားခဲ့
နှင်းတွေဟာ စီးလာတဲ့ သွေးစိမ်းရှင်ရှင်မြစ်တွေ ဖြစ်ခဲ့
အနာကျက်တော့
အမေ့ကြိမ်ဒဏ် အရှိုးရာတွေနဲ့ အတူ ...။
သေရာပါခဲ့တယ် ...
အေးလေ ... ကိုယ်က ချစ်ခဲ့တာကိုး။ ။
ကမာပုလဲ
၇၊ ၁၂၊ ၂၀၁၂။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment