ကိုယ့်ရင်ဘတ်တောင်
စွယ်တော်ရွက်လို နှစ်မွှာချိတ်ဆက်ထားရသေးတာ
တဖက်နဲ့ တဖက် မေ့မယ်ကြံရင် ပြန်ပြန် ငဲ့ကြည့်နေရတာမျိုး ...။
စိတ်မချလို့ မဟုတ်ပါဘူး
ဒဏ်ရာနဲ့ စားနေကျ ဝမ်းစာ
ချစ်သူနဲ့ မုန်းသူ
အလွမ်းနဲ့ ဥပေက္ခာ
တလှေတည်း စီးခဲ့ကြပေမဲ့
လမ်းခွဲသွားတဲ့ လားရာကိုယ်စီများ ...။
နီးခြင်းနဲ့ ဝေးခြင်းကို
မျက်ဝန်းရဲ့ ကြည့်နိုင်စွမ်းနဲ့ တိုင်းတာလို့ ရနိုင်တာမျိုးမှမဟုတ်တာ …
ပြည်သူကို သိချင်တယ်
တိုင်းနိုင်ငံတွေ အကြောင်းကိုသိချင်တယ်
ဘဝကို သိချင်တယ်
အနုပညာကို သိချင်တယ်
ချစ်ချင်းမေတ္တာတရားကို အသေအချာ သိချင်တယ် …။
အမေက ညည မအိပ်ခင် စာတွေပဲ ဖတ်ခိုင်းခဲ့တယ်
အဖေကတော့ မအိပ်ခင် တိတ်တိတ်ကလေး ပြောရှာပါတယ်
“သား … စာဖတ်တယ်ဆိုတာ စိတ်နဲ့ ပန်းချီဆွဲရတာတဲ့”
အဲဒီပန်းချီကား မျက်ရည်စတွေနဲ့ အတိပြီးတယ် …။ ။
ကမာပုလဲ
၂၀၊ ၁၀၊ ၂၀၁၂
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment