Sunday, October 14, 2012

ဓာတ်ပုံတွေရေးတဲ့ ကဗျာများ (မောင်လွမ်းဏီ)

ဒီမှာ ဆရာမ
ကျုပ်တို့တတွေက
တာဝန်အရ
အာဏာပိုင်ရဲ့ အမိန့်အရ။

အော
ကျွန်မကတော့ ဆရာမပဲ
ဖြိုလှဲမှာက ကျောင်းကိုလား
ငိုပွဲရှာမဲ့ ခလေးတွေလား
ပြိုကွဲကမ္ဘာရဲ့ နှလုံးအိမ်လား။


နာ သုံး နာ နဲ့
ဆရာမ
နောက်ထပ်နာမဲ့ ရင်အနာ
ထောင်ဝင်စာများ ဖြစ်လေမလား။

ကဗျာထဲက
ဓာတ်ပုံလွှာတွေ ကြေကွဲပုံရိပ်၊ အိပ်မက်မဟုတ်။

မောင်လွမ်းဏီ 
၂၄ - ၉ - ၂၀၁၂


 

No comments: