Thursday, September 20, 2012

ငြိမ်းချမ်းရေး (သန်းဌေးမောင်)

စစ်ပွဲတွေကြောင့် လူတွေဘယ်နှယောက် သေခဲ့ပြီးပြီလဲ
ဘာတွေ ဆုံးရှုံးခဲ့လဲ
ဘယ်သူတွေ နစ်နာခဲ့လဲ
သွေး
မျက်ရည်
ခြေလက်အင်္ဂါ မစုံတော့တဲ့သူတွေ၊ မိဘမဲ့ကလေးတွေ၊
စာသင်သားမရှိတဲ့ ကျောင်းတွေ၊
မီးလောင်နေတဲ့ အိမ်ယာတွေ၊
ပန်းမပွင့်တော့တဲ့ ဥယျာဉ်တွေ၊
ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ၊
ဘာအတွက်လဲ၊ ဘာတွေလိုအပ်နေတာလဲ၊
ဘာတွေဖြစ်ချင်နေတာလဲ၊
ဘယ်တော့ အထိလဲ၊
ဘယ်တော့အဆုံးသတ်မှာလဲ။


ငါတို့ပြည်သူတွေက အေးအေးချမ်းချမ်းနေချင်တယ်
ရိုးရိုးသားသား စီးပွားရှာချင်တယ်
အသားအရောင်၊ ဘာသာ၊ ပါတီမရွေး
ကိုယ်ကြိုက်တာလေးနဲ့ ကိုယ်
ကိုယ်ချစ်တဲ့နေရာလေးမှာ ပျော်ရွှင်စွာနေချင်ကြတယ်။

ငါတို့ ဆန္ဒ၊ ငါတို့ တောင့်တချက်၊ ငါတို့ မျှော်လင့်ချက်
ငါတို့ ရင်ထဲ၊ ငါတို့ နှလုံးသားထဲ ငါတို့ ရွေးချယ်ချက် တစ်ခုပဲရှိတယ်
အဲဒီအိပ်မက်ဥယျာဉ်ကို အဲဒီသော့နဲ့ဖွင့်မှ ပန်းတွေပွင့်မယ်ဆို ...
အဲဒီသော့ရဲ့အမည်ဟာ
ငြိ မ်း ချ မ်းေ ရး ပါ ပဲ ...။ ။

သန်းဌေးမောင် 
၁၈ - ၉ - ၂၀၁၂


No comments: