Wednesday, September 5, 2012

သိုးကျောင်းချိန် (မောင်လွမ်းဏီ)

သိုးတွေက
ကဗျာ မရေးဘူး။

သိုးတွေကို
အဖြူရောင်ဆိုးတော့
ပိုးသားအိပ်မက်နဲ့
သိုးတွေ တိတ်တယ်။

မည်းမည်းမြင်ရာ
အမဲလိုက်နေကြတာပေါ့
သိုးကတော့
လည်စင်းခံပေးတဲ့အထိ ရိုးအတယ်။


သိုးတွေအကြောင်းက
ပြောရ ဆိုရ၊ မကောင်းပါဘူး
စိတ်ထောင်းကိုယ်ကြေ ဖြစ်လွန်းလို့။

ဟိုရွာရိုးမှာ
သိုးကျောင်းသားလေး
သူဌေးအလာ စောင့်နေရှာ။ ။

မောင်လွမ်းဏီ 
၃၀ - ၈ - ၂၀၁၂


 

No comments: