Wednesday, August 15, 2012

လစိမ်း (ကမာပုလဲ)

ဒါ
လပြည့်ညရဲ့
စန္ဒယား လက်သံတွေ မဟုတ်ဘူး ...။

မိုးစက် မိုးပေါက်တွေရဲ့
အမောတကော
လွတ်မြောက် ကြွေခသံလည်း မဟုတ်ဘူး ...။


မိုးဇက်
ဗေထိုဘင်
ဒဂုန်တာရာ
ရင်ထဲကနေ စီးဆင်းလာတဲ့ ဂီတ
နှလုံးသားချင်း ကူးစက်မခံစားနိုင်ရင်
လရောင်ဟာ ပူလောင်နေမှာပဲ ...။

ဝမ်းနည်းနေသလား သမီးလေး
သမီးအတွက်
အဲဒီ လရောင်
ကြေကွဲမဆုံး ဖြစ်ခဲ့တယ် ။ ။

ကမာပုလဲ 
၂၀၁၁၊ ဝါဆိုလပြည့်ည


 

No comments: