Tuesday, July 3, 2012

အဝေးရောက် သင်္ကြန် (ကျော်သူမိုးမြင့်)

ပိတောက်ပင်တွေ မရှိပါဘူး
နာရီတွေ တွက်
ရာသီတွေ ချက် ကြည့်တော့
တန်ခူးလလည်း မဟုတ်ပါဘူး
ဒါပေမယ့် …


ကမ္ဘာ တဖက်မှာတော့
သင်္ကြန်မိုးရုပ်ရှင် ကြည့်လို့
မြို့မသီချင်းတွေ ဆိုလို့
အပြန်ခက် လေဆန်ငှက်တွေ
ရိုးရာ မပျက်ခဲ့ပြီ။ ။

ကျော်သူမိုးမြင့် 

July 7, 2012 နေ့ Solt Lake City, Utah မှာ ကျင်းပမယ့် ရာသီလွန် သင်္ကြန်ပွဲ အမှတ်တရ ရေးဖွဲ့သည်။ 


 

No comments: