(သူ မပျော်တဲ့ အမေရိကားမှာ)
ခေတ်ကိုက မကောင်းတာပါ
အိုကြီးအိုမနဲ့ လူထုဒေါ်အမာက လွမ်းတယ်
သူ့ကို ပို့ချင်၊ မြင်ချင်၊ သဂြုင်္ိဟ်ချင်လို့
သူချစ်တဲ့ဇာတိမြေမှာပဲ သေစေချင်သတဲ့
ဖိုးသံကလည်း သူရှစ်တန်းကျောင်းသားဘဝ
ကိုတင်မိုးနဲ့ ကြုံတွေ့ရပုံကို လွမ်းတယ်။
ဖိုးသံရဲ့ Auto (အမှတ်တရ) စာအုပ်ထဲမှာ
သူ (ဦးဘဂျမ်း) က ဒီလိုရေးခဲ့တယ်
“ရိုးသားမှုသာ ချစ်စရာ” တဲ့
တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး
သူ့သူငယ်ချင်း မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့” စာအုပ်ထွက်တယ်
အဲဒီညက ဆောင်းတွင်း၊ ဇန်နဝါရီလ မိုးအကြီးအကျယ်ရွာတယ်
အိပ်မက်တွေ မကောင်းဘူး
နိမိတ်တွေလည်း မလှဘူး
ထင်တယ်
အင်းစိန်ရဲ့မင်းကြီးလမ်းဟာ အသေအချာကြေကွဲနေမှာပဲ
အညာကျေးလက် ကန်မြဲဒေသမှာ
ထီးကလေးနဲ့ မနီကျောင်းတက်နိုင်ပါ့မလား
သူ (ကိုဘဂျမ်း) ရော
နှင်းဆီနီနီပွင့်ပေါ်
စိတ်ချလက်ချ အိပ်ပျော်နိုင်ပါ့လား။ ။
ကမာပုလဲ (ကျောင်းသားတပ်မတော်)
ဝန်ခံချက်။ ။ ဆရာတင်မိုး ဆုံးသည်ကို ကြားသိရသည်နှင့် ဒီကဗျာကို ရေးဖြစ်ခဲ့ပါတယ်။ ခေတ်ပြိုင် online မှာ ဖော်ပြခဲ့ပါတယ်။
သရုပ်ဖော် - ကိုမျိုး
No comments:
Post a Comment