Monday, January 9, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်း

 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ တာဝန်ယူပြီး အရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ထဲက ၆ ဦးက ဗဟိုအလုပ်အမှုဆောင်အဖွဲ့အဖြစ် ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လက်ရှိ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကတော့ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာမေဝင်းမြင့် တို့ဖြစ်ပါတယ်။ နောက်ထပ် အသက်ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေကိုလည်း ထပ်မံ ဖြည့်စွက်သွားမယ်လို့ ဆိုပါတယ်။


 
 
 
ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် အသက် ၈၀ ကျော်သူ ဗဟိုအလုပ်အမှုဆောင်တွေကတော့ သဘာပတိအဖွဲ့အဖြစ် ဆက်လက်တည်ရှိမှာ ဖြစ်ပါတယ်။ သဘာပတိအဖွဲ့ရဲ့နာယက က ဦးတင်ဦး ဖြစ်ပါတယ်။

 
 

ဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်သစ်တွေကို စတင်လက်ခံခဲ့သလို ပါတီကိုလည်း ဆိုင်းဘုတ်ပြန်တင်ပြီး အလံတင် အခမ်းအနားလည်း ကျင်းပခဲ့ပါတယ်။

 
 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ပါတီကိုလည်း မှတ်ပုံမတင်ဘဲ ဆန့်ကျင်ခဲ့ပါတယ်။

အခု ကြားဖြတ်ရွေးကောက်ပွဲကာလမှာကျမှ မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ဇန်နဝါရီလ ၅ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။

သတင်း - ဘီဘီစီ
Photos : AP, Reuters, Getty Images


 

No comments: