ခြေသလုံးအဖွေးသားနဲ့ မန္တလေး
အလိုမတူဘဲ အပျိုရည်ပျက်ခဲ့ရတယ်
အမေ မချစ်တဲ့သူတွေ အခြေကျလာတဲ့
အမေ ချစ်တဲ့ မန္တလေး
မြို့မသီချင်းတွေ မပီကလာ လိုက်ဆိုနေကြတယ်
အမေ
မသေသောမြို့က မသေသော အမေ
တောင်သမန် တောင်လေးလုံးမှာ
နိုဝင်ဘာ နှင်းတွေ ဝေတိုင်း
ကဗျာဆရာတွေ ညလုံးပေါက်
ကဗျာတွေ ပျိုးနေကြတုံး
မယ်ဇယ်တွေလည်း မွှေးတုံးပေါ့
အမေချစ်တဲ့ မန္တလေးကိုတော့
အမေ့ လူထု တလက်မချင်းပဲ
ဆုံးရှုံးလိုက်ရပြီ။ ။
(နိုဝင်ဘာ ၂၉၊ ၂၀၁၁) ၉၆ နှစ်မြောက် အမေ လူထုဒေါ်အမာ မွေးနေ့ အမှတ်တရ …
ကျော်သူမိုးမြင့်
11. 24. 2011 (12:43 AM)
No comments:
Post a Comment