မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ့က တွေ့ဆုံခဲ့တဲ့ ပုံရိပ်တချို့။
နာရီဝက်ကြာတဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲရဲ့ အကြောင်းအရာတွေ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေမယ့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြတယ်လို့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆိုပါတယ်။
ဓာတ်ပုံ - ရိုက်တာ၊ အေပီ
No comments:
Post a Comment