"သမီးကတော့ ကျနော်တို့ရဲ့အလွမ်းတွေ၊ ကျနော်တို့ရဲ့ဆန္ဒတွေကို သိနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ မိုးကောင်းကင်မှာ ပျော်ပျော်ရွှင်ရွှင် ပျံသန်းနေမယ့် သမီးလေးအကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့ လူ ၃ ယောက်ကတော့ သမီး ခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေးထဲမှာပဲ ရှိနေပါသေးတယ်။ ပျံသန်းနေတဲ့ ခိုကလေးတွေကိုတွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့ လိုက်ရှာကြည့်နေရင်း သူတို့လည်း သူတို့သမီးလေးလို လိုရာပျံသန်းခွင့် ရနိုင်မယ့်ရက်ကို ဆက်စောင့်နေကြလေရဲ့ ..."
စူးစမ်းတဲ့အကြည့်နဲ့တော့ ကြည့်နေလေရဲ့။ အဲဒီလိုပဲ အခြား ခိုတွေကလည်း သူ့ကို စူးစမ်းတဲ့အကြည့်တွေနဲ့ ပြန်ကြည့်နေတာကို ကျနော်တို့ သတိထားမိခဲ့ကြတယ်။ ခိုတွေကြားထဲမှာလည်း သူတို့အချင်းချင်း မေးခွန်းတွေမေးရင်း တွတ်ထိုးနေကြတာနေမယ် ထင်ပါတယ်။
‘ဒီကောင်မ ခိုဖြစ်ပြီး လူတွေနဲ့ဘာလို့နေနေတာလဲ မသိဘူး။ လူဆိုတာက ငါတို့ရဲ့အသားကိုစားဖို့ အမြဲကြိုးစားနေတာ။ ဒီလိုလူတွေနဲ့ အတူတူနေနေတဲ့ ခိုမကို ယုံလို့ရမယ် မထင်ဘူး။ သူ့ကိုငါတို့ဆီ အလာခံလို့ မဖြစ်နိုင်ဘူး’ အစရှိသဖြင့် ဆွေးနွေးဝေဖန်နေကြမှာပေါ့။
သူတို့ထဲက အကောင်းမြင်တတ်တဲ့ ခိုအချို့ကလည်း-
သူတို့အချင်းချင်း အမြင်ဖလှယ်နေကြစဉ်ကာလမှာ ကျနော်တို့သမီးလေးကို သူတို့ အသိုင်းအဝိုင်းထဲ အဝင်မခံသေးကြပေမယ့် ရန်မရှာကြပါဘူး။ ကျနော့်ရင်ထဲမှာတော့ ဒီအခြေအနေလေးကို အတော်လေး ကျေနပ်နေမိတယ်။ ငါတို့ အဆင့်တခုတော့ ရောက်နေပြီ။ မကြာခင် ငါတို့သမီးလေး သူ့ဆွေသူ့မျိုးတွေကြားထဲမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်တော့မယ်။
ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ ကျနော်တို့သမီးလေးကြောင့် သူတို့မှာ အန္တရာယ်မရှိနိုင်ဘူးဆိုတဲ့အသိက ခိုအသိုင်းအဝိုင်းကြားကို ရောက်ရှိသွားပါတော့တယ်။ ယုံကြည်မူ တည်ဆောက်တဲ့အဆင့် ပြီးသွားခဲ့ပြီပေါ့။ သမီးလေးကလည်း ခိုတွေနားကို တဖြည်းဖြည်းနဲ့ ကပ်ရဲသွားတယ်။ ခိုတွေကလည်း သူ့ကိုနေရာပေးရဲလာတယ်။ ဘာသာစကားချင်းကလည်း တူလို့ထင်ပါရဲ့။ တသားတည်း ဖြစ်သွားကြတယ်။ ဒါပေမယ့် အခြားခိုတွေ အစာစားပြီး အခြားနေရာကို ထွက်သွားရင် သမီးလေးက လိုက်သွားလေ့မရှိဘဲ ကျနော်တို့အခန်းထဲကို ပြန်လာလေ့ရှိတယ်။ ညဆိုရင်လည်း ကျနော်တို့နဲ့ပဲ အိပ်တယ်။ တကယ်တော့ အဲဒါကို ကျနော် အလိုချင်ဆုံးပါပဲ။
ဒါပေမယ့် သဘာဝတရားဆိုတာ တားမရပါဘူး။ ဒီလိုနဲ့နေနေကြရင်း သမီးကလည်း အပျိုပေါက်ဖြစ်လာခဲ့ပြီပေါ့။ တနေ့တော့ ခိုအုပ်လေးထဲမှာ ကျနော့်သမီးက ထူးထူးခြားခြား ခိုထီးလေးတစ်ကောင်နဲ့တွဲနေတာကို ကျနော် သတိထားမိတယ်။ သူတို့ တပူးတွဲတွဲရှိနေတာ မြင်ရတာနဲ့တင် ကျနော်က တော်တော် ဒေါသထွက်နေပြီ။ ဒါ့ကြောင့် ကျနော်က ဝတုတ်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်မိတော့တယ်။
“ဝတုတ် ဟိုမှာ ကြည့်စမ်း၊ ဟိုကောင် ငါတို့သမီးကို ရည်းစားစကားလိုက်ပြောနေတယ် ထင်တယ်၊ ဟိုကောင်မကလည်း ပြန်ကြိုက်နေပုံရတယ်ကွ။ အရွယ်က မရောက်သေးဘူး။ ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်မရပ်နိုင်သေးဘူး။ လင်က လိုချင်နေပြီ။ အခုခေတ်ကလေးတွေများ တော်တော်ခက်တယ်ကွာ။ ပြန်လာရင်တော့ တွေ့မယ်။ နောက်နေ့ကျရင် အပြင်ကို ပေးမထွက်တော့ဘူး”
ဒီလိုနဲ့ … နောက်တနေ့မှာ ကျနော်က သူ့ကို အပြင်ပေးမထွက်တော့ဘဲ တံခါးတွေကို အသေပိတ်ထားလိုက်တယ်။ ရုပ်ရှင်တွေထဲက ခေတ်နောက်ကျတဲ့ အဖေတွေရဲ့ အမူအယာအတိုင်း သရုပ်ဆောင်ရင်း ဒီနေ့ကစပြီး သမီး အပြင် မထွက်ရဘူး၊ ဘယ်သူမှ တံခါးဖွင့်မပေးရဆိုပြီး တချက်လွှတ်အမိန့် ထုတ်လိုက်ပါတယ်။ အစာနဲ့ရေကိုလည်း အခန်းထဲမှာပဲ ကျွေးပါတယ်။ ဒါပေမယ့် သမီးက အာဂခိုမပါ၊ အစာမစားဘူးဗျ။ ရေလည်း မသောက်ဘူး။ အစာငတ်ခံ ဆန္ဒပြတော့တာပဲ။ ကျနော်လည်း ဘာလုပ်ရမှန်းမသိကို ဖြစ်သွားတော့တယ်။
ဒီကြားထဲ သူ့ချစ်သူကလည်း အပြင်ကနေ ဘာသာဘာဝ ဖိုသံလာပေးတာပေါ့။ သူကလည်း အပြင်ထွက်ဖို့ အတင်းကြိုးစား၊ ကျနော်ကလည်း ဟန့်တားနဲ့ သုံးပွင့်ဆိုင် အချစ်ပြဇာတ်တပုဒ် ကနေရသလိုဖြစ်နေခဲ့တယ်။ သုံးပွင့်ဆိုင်ဆိုပေမယ့် ၅၂၈ နဲ့ ၁၅ဝဝ ကြားကအားပြိုင်မှုဆိုတော့ အတော် စိတ်ဝင်စားစရာကောင်းနေတာပေါ့။
နောက်ဆုံးတော့ မိဘကပဲ အလျော့ပေးရတာပဲ။ ကိုယ့်သမီး စိတ်ဆင်းရဲ၊ ဒုက္ခရောက်နေတာကို မကြည့်ရက်ဘူးလေ။ ညနေစောင်းမှာတော့ ကျနော်က တံခါးဖွင့်ပေးလိုက်တယ်။ တံခါးဖွင့်ပေးလိုက်တယ်ဆိုတာနဲ့ နောက်ကိုမကြည့်တော့ဘဲ ထွက်သွားတော့တာပဲ။ ဒါပေမယ့် တော်ပါသေးရဲ့၊ ညကျတော့ အိမ်ပြန်လာတယ်လေ။
နောက်နေ့တွေမှာတော့ ပုံမှန်ပါပဲ။ မနက်ဆို ထွက်သွား။ ညနေဆိုရင် ပြန်လာ။ တနေ့တော့ ကျနော်တို့သမီးလေးဟာ အခြားခိုတွေနဲ့အတူတူ ကျနော်တို့ မျက်နှာချင်းဆိုင် နှစ်ထပ်တိုက်ရဲ့ခေါင်မိုးပေါ်မှာ ပျော်ရွှင်နေတာ တွေ့ရတယ်။ အဲဒီအချိန်မှာ မိုးတွေအုံ့ပြီး သည်းကြီးမည်းကြီး ရွာတော့မယ့်ပုံပေါ်နေတယ်။ ကျနော့်ရင်ထဲမှာတော့ စိုးရိမ်နေလိုက်တာ။ မိုးရွာရင် သမီးလေး ဘယ်လိုလုပ်မလဲ၊ မိုးလွတ်ရာ ခိုတတ်ပါ့မလား စိုးရိမ်စိတ်တွေနဲ့ ပူလောင်လို့။ သူကတော့ ဒါတွေကိုတွေးနေမှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာကို သူ သိမှသိပါ့မလား။
ဒါပေမယ့် သူ့ကောင်လေးကတော့ အတွေ့အကြုံရှိတာပဲလေ၊ မိုးလွတ်ရာကို ခေါ်သွားမှာပေါ့လို့ ဖြေတွေးတွေးနေတုန်းမှာပဲ အခြားခိုလေးတွေက မိုးလွတ်ရာဘက်ကို ပျံထွက်သွားကြပါတော့တယ်။ သမီးလေးကတော့ မိုးလွတ်ရာကို သွားရမယ် ဆိုတာကိုနားမလည်ဘဲ ခေါင်မိုးပေါ်မှာ ရပ်မြဲ ဆက်ရပ်နေပါတယ်။ မကြာခင်မှာ မိုးက သည်းကြီးမည်းကြီးကို ရွာပါတော့တယ်။ ကျနော်တို့ကလည်း အခန်းအပြင်ကိုမထွက်နိုင်တော့ အခန်းထဲကနေပဲ ‘သမီးရေ ပြန်လာခဲ့ ပြန်လာခဲ့’ လို့ အော်ခေါ်နေပေမယ့် သူက မကြားဘဲ ဆက်ရပ်နေပါတယ်။
မိုးတိတ်သွားပြီးတဲ့အခါကျတော့မှ သမီးလေးက ခေါင်မိုးကနေ ပြန်ဆင်းလာပြီး အခန်းထဲကို တလှမ်းချင်း လျှောက်လာပါတယ်။ ကျနော်တို့ကလည်း စိုးရိမ်တကြီး ဆီးကြိုကြရတာပေါ့။ “ဟင် ဒုက္ခရောက်မှ မိဘဆီ ပြန်လာတယ်။ ပြီးရင် ပြန်ထွက်သွားအုံးမှာ မဟုတ်လား” လို့ ဗျစ်တောက် ဗျစ်တောက် ပြောနေရင်းနဲ့ပဲ ရေသုတ်ပေးနေမိပါတယ်။
မိုးလုံးဝတိတ်သွားပြီး အခြားခိုတွေလည်း ကျနော်တို့တိုက်ရှေ့နားကို အစာလာပြန်စားတဲ့အခါမှာတော့ သမီးက အဲဒီခိုလေးတွေဆီကို ပြန်ရောက်သွားပြန်ပါတယ်။ နောက်တနေ့မှာတော့ ထုံးစံအတိုင်း မနက်ဘက်ထွက်သွားပြီး ညနေပြန် ရောက်လာမယ်ထင်ပေမယ့် ပြန်ရောက်လာနေကျအချိန်မှာ ပြန်ရောက်မလာတော့ပါဘူး။ သမီးလေးတော့ ငါတို့ကို ခွဲသွားပြီဆိုတဲ့သောကက ကျနော်တို့ကို အိပ်မရဖြစ်စေခဲ့ပါတယ်။ နောက်နေ့တွေမှာသမီးက တရက်ခြားပြန်လာတယ်။ တရက်ခြားသော်ငြားလည်း သမီးကို မြင်တွေ့ခွင့်နေရသေးတာကိုပဲ ကျနော်တို့ ကျေနပ်ပျော်ရွှင်နေမိပါတယ်။ တဖြည်းဖြည်းနဲ့ နှစ်ရက်ခြား။ နောက်တော့ သုံးရက်ခြားမှ ရောက်ရောက်လာတော့တယ်။ ဒီလိုနဲ့ ခြားတဲ့ရက်တွေ များလာရင်းကနေ သမီးလေးကို လုံးဝ မတွေ့ရတော့ပါဘူး။
ကျနော်တို့ သမီးလေးကို လွမ်းပါတယ်။ သမီးနဲ့ ကယုကယ ပျော်ရွှင်ခဲ့တဲ့အချိန်တွေဟာ ကျနော်တို့ဘဝရဲ့ အရေးပါတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ သမီးရဲ့ ချောမွတ်မွတ် ငှက်တောင်မွေးလေးတွေကို ပွတ်သပ်ရင်း သမီးကို ချော့မြူချင်ပါသေးတယ်။ သမီးကတော့ ကျနော်တို့ရဲ့အလွမ်းတွေ၊ ကျနော်တို့ရဲ့ဆန္ဒတွေကို သိနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ မိုးကောင်းကင်မှာ ပျော်ပျော်ရွှင်ရွှင်ပျံသန်းနေမယ့် သမီးလေးအကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့ လူ ၃ ယောက်ကတော့ သမီး ခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေးထဲမှာပဲ ရှိနေပါသေးတယ်။ ပျံသန်းနေတဲ့ ခိုကလေးတွေကို တွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့ လိုက်ရှာကြည့်နေရင်း သူတို့လည်း သူတို့သမီးလေးလို လိုရာပျံသန်းခွင့် ရနိုင်မယ့်ရက်ကို ဆက်စောင့်နေကြလေရဲ့။
အလင်းအိမ်မဂ္ဂဇင်း မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment