“သိတယ်နော်...။ သမ္မတ ဦးသိန်းစိန် အစိုးရက ရည်ရွယ်ချက်တွေနဲ့ လွှတ်တော်တွင်းမှာ တည်ဆဲဥပဒေတချို့ကို ပြင်ဆင်ပြဌာန်းပေးနေပါပြီ။ ဥပမာ ... ပါတီမှတ်ပုံတင် ဥပဒေပြင်ဆင်ချက်တို့၊ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ဥပဒေ ပြင်ဆင်ချက်တို့ ... စသည်ပေါ့။ ပြီး ဒေါ်ဆောင်ဆန်းစုကြည်ကို ရာထူးပေး ဖိတ်ခေါ်ကြိုဆိုနေမှု။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုက ယှဉ်ပြိုင်နိုင်ခွင့်။ သည်အခြေအနေတွေနဲ့ သည်ပြုပြင်နေမှုတွေကို ထောက်ချင့်ကြည့်ရခြင်းအားဖြင့် ... ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ‘နတ်’ ကလည်း လို၊ ‘ဂြိုဟ်’ ကလည်း မ ... ဆိုတဲ့ကိန်း ဆိုက်ရောက်နေပါတယ် …”
အမှန်တော့ တော်ဝင်နှင်းဆီခြံမှာကျင်းပခဲ့တဲ့ … လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေရဲ့ကန်တော့ပွဲက ကျင်းပသင့် ကျင်းပထိုက်တဲ့ ပွဲဖြစ်ပါတယ်။ မိခင်ပါတီရင်းဖြစ်တဲ့ ဒီမိုကရေစီအဖွဲ့ချုပ်က နရသိမ်ပြန် သားသမီးတွေ ထွေးပိုက် ကြိုဆိုရမယ့်ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်ပိုင်ရုံးချုပ် ကိုယ်ပိုင်နေရာဌာန ရှိနေပါရက်ကယ်နဲ့ တခြားနေရာမှာ သွားရောက်အကန်တော့ခံတယ် ဆိုတာကတော့ မသင့်လျော်ရုံမက အမြင်လည်း စောင်းစေခဲ့ပါတယ်။ ပြီး အကန်တော့ခံ လူကြီးအရေအတွက်ကလည်း ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အားလုံး မဟုတ်ဘဲ … ထောင်ပြန်အုပ်စု ဂိုဏ်းဂဏသဘောနဲ့ … ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင် ၃ ဦးတည်းကိုသာ အထူးကွက် ကန်တော့ခြင်းကလည်း … လှေကြီးပေါ် လှေငယ်တင်သလို ဖြစ်စေခဲ့ပါတယ်။
ကောင်းပါပြီ။ ဂိုဏ်းဂဏရောဂါဆိုးကြီးဆိုတာက ဘာကိုဆိုလိုပါသလဲ။ စစ်သားနဲ့ အရပ်သား ဂိုဏ်းဂဏလား။ ထောင်ထွက်နဲ့ တပ်ထွက် ဂိုဏ်းဂဏလား။ လူကြီးနဲ့လူငယ် မျိုးဆက်ကွာဟချက် ဂိုဏ်းဂဏလား။ လက်တွေ့လှုပ်ရှားနေတဲ့ active တွေနဲ့ အိုမင်းမစွမ်း disabled တွေရဲ့ ဂိုဏ်းဂဏလား။ နဝတ၊ နအဖ၊ စစ်အစိုးရတွေရဲ့ အရေးယူခံရသူတွေနဲ့ အရေးမယူခံရသူတွေရဲ့ ဂိုဏ်းဂဏလား။ စဉ်းစားကြည့်ကြပါကုန်လော့။ ပြည်သူလူထုက ကျုပ်ထက်ပိုသိနေကြပြီးဖြစ်တဲ့အတွက် ကျုပ် ဖွင့်မပြောတော့ပါဘူး။
သိတယ်နော်...။ သမ္မတ ဦးသိန်းစိန် အစိုးရက ရည်ရွယ်ချက်တွေနဲ့ လွှတ်တော်တွင်းမှာ တည်ဆဲဥပဒေတချို့ကို ပြင်ဆင်ပြဌာန်းပေးနေပါပြီ။ ဥပမာ ... ပါတီမှတ်ပုံတင် ဥပဒေပြင်ဆင်ချက်တို့၊ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ဥပဒေ ပြင်ဆင်ချက်တို့ ... စသည်ပေါ့။ ပြီး ဒေါ်ဆောင်ဆန်းစုကြည်ကို ရာထူးပေး ဖိတ်ခေါ်ကြိုဆိုနေမှု။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုက ယှဉ်ပြိုင်နိုင်ခွင့်။ သည်အခြေအနေတွေနဲ့ သည်ပြုပြင်နေမှုတွေကို ထောက်ချင့်ကြည့်ရခြင်းအားဖြင့် ... ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ‘နတ်’ ကလည်း လို၊ ‘ဂြိုဟ်’ ကလည်း မ ... ဆိုတဲ့ကိန်း ဆိုက်ရောက်နေပါတယ်။
သည်အခြေအနေ သည်အချိန်အခါမျိုးက ... ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မိမိရဲ့ ကိုယ်တွင်းမှာ စွဲကပ်နေတဲ့ ဂိုဏ်းဂဏ ရောဂါဆိုးကြီးကို ကင်းစင်လွင့်ပျောက်သွားအောင် ခွဲစိပ်ကုသလိုက်ဖို့အတွက် အသင့်မြတ်အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ပထမဦးဆုံးအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကြီးတရပ် ခေါ်ယူကျင်းပပြီး ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီမိုကရေစီနည်းစနစ်တကျ အသစ်ပြန်လည်ဖွဲ့စည်း အမည်သစ်ပေးလိုက်ခြင်းက ... အလျော်ကန် အသင့်မြတ်ဆုံး ဖြစ်ပါတယ်။
အမှန်ကလည်း ပြည်လုံးကျွတ်ညီလာခံကြီးက တညီတညွတ်တည်း ရွေးချယ်တင်မြှောက်လိုက်တဲ့ ဗဟိုကော်မတီသစ်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်တွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်ခြင်းကသာလျှင် ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံအစိုးရနဲ့ လက်တွဲဆောင်ရွက်စရာတွေရှိရင်လည်း ... သည်နည်း သည်လမ်းအတိုင်းသာ ဆုံးဖြတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အာဏာကို လူတဦးတယောက်တည်းရဲ့လက်ထဲ (သို့မဟုတ်) လူတစုရဲ့လက်ထဲ ယုံကြည်စိတ်ချစွာ အပ်နှင်းခဲ့မိကြတဲ့အတွက် ... ကျုပ်တို့ နိုင်ငံနဲ့ ပြည်သူ ဒုက္ခရောက်ခဲ့ကြရတဲ့ သင်ခန်းစာတွေလည်း ရခဲ့ကြလှပါပြီ။
သိတယ်နော် ...။ တပ်ရဲ့ဘက် အစိုးရရဲ့ဘက်ကတော့ အစခပ်သိမ်း သူတို့စိတ်တိုင်းကျ ပြင်ဆင်ထားပြီးနေပါပြီ။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲကို သင်ခန်းစာယူပြီး၊ နောက်တန်းဆုတ် တည်ထားတဲ့ နိုင်ငံအစိုးရရုံးစိုက်ရာ နေပြည်တော် တဲ့။ အမျိုးသားလွှတ်တော် တဲ့။ ပြည်သူ့လွှတ်တော် တဲ့။ သမ္မတဦးသိန်းစိန် အစိုးရ တဲ့။ အရေးပေါ်ကာကွယ်ရေးရံပုံငွေ တဲ့။ (သတိရလို့ ပြောရအုံးမယ်။) ၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကာလတုန်းက ပြောပါတယ်။ ကျုပ်တို့ပြည်သူလူထုက အသေခံ တိုက်ပွဲဝင်နေကြခိုက်မှာ ... စစ်တပ်က ဓနိတော ရေနံလှောင်ကန်တွေထဲက ဓာတ်ဆီတွေကို ... ဗိုလ်ချုပ်ဟောင်း တယောက်ရဲ့လက်မှတ်နဲ့ နေ့ညမပြတ် ထုတ်ယူဖြည့်တင်းနေကြတာတွေ ...၊ တောင်ညွန့်က ဆန်ဂိုဒေါင်တွေကို ဖောက်ပြီး သူတို့ တပ်ရင်း တပ်ဖွဲ့ တပ်ခွဲ တပ်စိပ်ရှိရာနေရာတိုင်းကို ရိက္ခာအပြည့် သယ်ပို့ သိုလှောင်နေကြတာတွေ ... ပြည်ထောင်စု ဘဏ်ကြီးကိုဖောက်ပြီး ငွေတွေအကုန်ထုတ် စစ်သားတိုင်းကို လစာ ၆ လစာ ငွေတွေ ကြိုတင်ထုတ်ပေးနေကြတာတွေ ... ဆိုတာ ကျုပ်တို့အားလုံး အသိပဲမဟုတ်လား။ သူတို့ဘက်က အစခပ်သိမ်း အသင့်ပြင်ဆင်ထားခဲ့တာ ပြောပါတယ်။ အခုလည်း သည်အတိုင်းပါပဲ။ ဦးသိန်းစိန် အစိုးရ သို့မဟုတ် တပ်မတော်ရဲ့ဘက်က အဆင်သင့်ဖြစ်လို့နေပါပြီ။
အဲ ... ကျုပ်တို့ ဒီမိုကရေစီရေးအင်အားစုတွေရဲ့ဘက်မှာတော့ ... ဘာမှစနစ်တကျ မပြင်ဆင်ရသေးပါဘူး။ ဒီမိုကရေစီရေးဘက်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ခေါင်းဆောင်ငယ်တွေလည်း ... အများစုကြီးက အကျဉ်းထောင်တွေထဲမှာပဲ ရှိနေကြပါသေးတယ်။ လွတ်မလာကြသေးပါဘူး။ အရေးထဲမှာ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်း ဒီမိုကရေစီနည်းစနစ်တကျ ပြည်လုံးကျွတ်ညီလာခံကြီး ခေါ်ဆိုကျင်းပပြီး ပြန်လည် မဖွဲ့စည်းရသေးပါဘူး။
No comments:
Post a Comment