Monday, November 1, 2010

လှုပ်လှုပ်ရှားရှား ၂၀၁၀ ပါတီများ

ရခိုင်ပြည်နယ် ဆိုင်ကလုန်းဂီရိ လေဘေးသင့်ပြည်သူများကို ကူညီကြဖို့ ဆိုင်းဘုတ်များနဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က မဲဆွယ်နေတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ယုဇာမော်ထွန်း။

နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် မင်္ဂလာမြန်မာ လူမှုရေးအသင်း ဦးဆောင်သူတွေဖြစ်တဲ့ ဒေါက်တာ ဖုန်းဝင်းနဲ့ ဒေါ်ယူဇာမော်ထွန်းတို့ကို နိုင်ငံရေးလုပ်ဆောင်တဲ့အတွက် NGO ၁၇ ဖွဲ့ပူးပေါင်း ဖွဲ့စည်းထားတဲ့ ဒီရေတော ပြန်လည်ထူထောင်ရေး ပူးပေါင်းလုပ်ဆောင်မှုအဖွဲ့က အဖွဲ့ဝင်အဖြစ် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ် ဆိုင်ကလုန်းဂီရိ လေဘေးသင့်ပြည်သူများကို ကူညီကြဖို့ ဆိုင်းဘုတ်များနဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က မဲဆွယ်နေတဲ့ ဒီမိုကရက်တစ်ပါတီ အမတ်လောင်း ဦးမိုးထွန်း

တနင်္လာနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ တကယ်လို့ ရွေးကောက်ပွဲ ပျက်သွားခဲ့ရင် လက်ရှိစစ်အစိုးရကပဲ ဆက်လက်အုပ်ချုပ်သွားရမှာပဲလို့ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စည်းရုံးနေသူတွေကိုလည်း အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေ နအဖ သတင်းစာတွေမှာ ပိုမိုရေးသားလာတာကို တွေ့လာနေရပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စည်းရုံးလှုံ့ဆော်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကြောက်ရွံ့နောက်ဆုတ်မှာမဟုတ်ဘဲ သူတို့လုပ်စရာရှိတာကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့က မဲဆွယ်နေတဲ့ ကြံ့ဖွံ့ပါတီဝင်များ

Photos : Getty Images, AP


No comments: