Monday, November 1, 2010

မဲရုံတွေကို မသွားပါနဲ့၊ မဲမပေးပါနဲ့ …


“ဒီသပိတ်ကို ကျနော်တို့ ဘယ်လို အကောင်အထည်ဖော်မလဲ။ ကောင်းပြီ။ ၂ ခုပဲရှိတယ်။ (၁) မဲရုံကိုမသွားပါနဲ့။ မဲမပေးပါနဲ့။ (၂) မဲရုံကို အကြောင်းကြောင်းကြောင့် သွားရမယ်ဆိုရင် လိမ်မာစွာနဲ့ လူမသိသူမသိ ပယ်မဲ ဖြစ်အောင် လုပ်ပါ။ ဒီ ၂ ခုပဲ။

ကျနော်တို့က ဘယ်သူ့ကို မဲမပေးပါနဲ့ မပြောဘူး။ NDF ကို မဲမပေးပါနဲ့ မပြောဘူး။ ကျနော်တို့ NDF ကို စကားထဲ ထည့်မပြောဘူး။ အစိုးရနဲ့ အတူတူပေါင်းပြီးတော့ လုပ်နေတဲ့သူတွေ၊ ၂ဝဝ၈ အခြေခံဥပဒေ လက်ခံတဲ့သူတွေ၊ ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေ၊ အလားတူ ဦးသုဝေရဲ့ပါတီသော်လည်းကောင်း၊ အကုန်လုံး အတူတူပဲ။ ကြံ့ဖွံ့နဲ့ တသားတည်း၊ တတန်းတည်း လူတွေရယ်လို့ ကျနော်တို့ သတ်မှတ်တယ်။

အဲဒါကြောင့် ကြံ့ဖွံ့ကို မဲမပေးပါနဲ့ မပြောဘူး။ တစညကို မဲမပေးပါနဲ့ မပြောဘူး။ NDF ကို မဲမပေးပါနဲ့လို့ မပြောပါဘူး၊ ရွေးကောက်ပွဲတခုလုံးကို သပိတ်မှောက်ပါ။ ကျနော်တို့ သုံးတဲ့စကားက လုံးဝဥဿုံ သပိတ်မှောက်တယ်ဆိုတဲ့နည်းကို သုံးပါတယ်”

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်နေ့က ဦးဝင်းတင် နှင့် ဒီဗွီဘီ ဆက်သွယ်မေးမြန်းချက်မှ ကောက်နုတ် ဖော်ပြပါတယ်။

သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်


No comments: