လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်မှာဖြစ်ပေမယ့် လွှတ်မယ် မလွှတ်ဖူးဆိုတာ အတိအကျ မပြောနိုင်ဘူးလို့ အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိနှစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေပီ သတင်းဌာနက ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး မပေးနဲ့ လွှတ်မယ်ဆိုရင် လည်း ဘယ်တော့ လွှတ်ပေးမယ်ဆိုတာကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းသာ သိမှာဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ပြောဖို့စောလွန်းနေသေး ကြောင်းလည်း ၎င်းတို့က အေပီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နိုဝင်ဘာလ ၁၃ ရက်နေ့ဟာ ဒေါ်စုရဲ့ ပြစ်ဒဏ်ချမှတ်တဲကာလ ကုန်ဆုံးတဲ့နေ့ ဖြစ်တာမို့ ဥပဒေကြောင်းအရ လွှတ်ကိုလွှတ်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှကို မကြားဘူး။ အဲဒီ နိုဝင်ဘာ ၁၃ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ထိန်းသိမ်းထားတဲ့ ကာလ၊ ပြစ်ဒဏ်ချမှတ်တဲ့ကာလ ကုန်ဆုံးတဲ့နေ့ရက်ဖြစ်တယ် ဆိုတာ ကိုတော့ ဥပဒေအရ ကျနော်တို့ အရင်ကတည်းက ပြောနေပါတယ်။ နောက်ထပ် ချုပ်နှောင်ဖို့ဆိုတာ ဘယ်ဥပဒေမှာမှ မရှိဘူး။ ဒါကြောင့် အဲဒီရက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ့်ရက်လို့ တွက်ထားပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
Photo : Getty Images
No comments:
Post a Comment