နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီ ၆ ခုက ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီး ဥပဒေပြုရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် မဟာမိတ်ကော်မတီတရပ်ဖွဲ့ဖို့ ဒီကနေ့ သဘောတူလိုက်ပါတယ်။ဒီ လှုပ်ရှားမှုအားလုံးကို မိတ်ဖက်ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ချင်းအမျိုးသားပါတီတို့ သဘောတူ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့က မဲဆွယ်စာရွက်တွေကို လိုက်လံဖြန့်ဝေနေတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့ဝင်တချို့ဒါပေမယ့် ဒီအဖွဲ့ထဲမှာ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရေစီတစ်ပါတီ (မြန်မာပြည်) ကတော့ မပါဘူးလို့ သိရပါတယ်။
Photo : AP




No comments:
Post a Comment