ရွေးကောက်ပွဲကို စစ်အစိုးရက တရားမဝင်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ တဖက်သတ် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဒီမူကြမ်းအဆိုမှာ အဓိက ဖော်ပြထားပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ကြောင်းကို ပြစ်တင်ရှုတ်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စစ်မှန်တဲ့ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ မပါဝင်တဲ့ မြန်မာနိုင်ငံက ဘယ်အစိုးရမျိုးမဆို ဒီမိုကရေစီ အစိုးရတရပ် ဒါမှမဟုတ် တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
ဒီမူကြမ်းကို အီလီနွိုင်းပြည်နယ် ကိုယ်စားပြု ရီပတ်ဘလီကန်အမတ် ဒေါ်နယ်မန်ဇူးက ဦးဆောင်ပြီး အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အမတ် ဟောင်းဝပ် ဘားမန်း၊ အဲဒီကော်မတီရဲ့ အဖွဲ့ဝင် ဖလော်ရီဒါပြည်နယ် ကိုယ်စားပြု ရီပတ်ဘလီကန်အမတ် မစ်စ် အီလီနာ ရော့စ် လက်တီနန် စတဲ့ ကွန်ဂရက်စ် လွှတ်တော်မှာ သြဇာတိက္ကမရှိသူတွေက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒမဲပေးလွှာပုံစံ နမူနာ
Photo : AP
No comments:
Post a Comment