Sunday, October 10, 2010

မန္တလေးရေ အသေပျောက်ရှိ၊ အကူအညီတွေ လိုအပ်

မန္တလေးမြို့မှာ ရေကြီးနေတာကြောင့် ဒုက္ခသည်စခန်းတွေဖွင့်ပြီး မြို့ခံတွေက ကူညီထောက်ပံ့ပေးနေရပြီး အာဏာပိုင်တွေဘက်က ဘာအကူအညီမှ မပေးသေးကြောင်း သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် တခုတည်းမှာတင် အိမ်ခြေ ၁,၄၀၀ လောက် ရေမြုပ်သွား တာမို့ ရေကင်းလွတ်ရာ ဓမ္မာရုံတွေမှာ ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီ ပေးနေကြရတယ်လို့ ဆိုပါတယ်။





ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ရေကြီးလို့ ထွက်ပြေးလာကြသူတွေဟာ ဒုက္ခသည်စခန်းမှာ နေထိုင်ရတာ ၃ ရက်ရှိသွားပြီဖြစ်ပေမယ့် အာဏာပိုင်တွေ ဘက်က စားဝတ်နေရေး၊ ကျန်းမာရေး အကူအညီ ဘာမှမရကြသေးဘူးလို့ ဗွီအိုအေ သတင်းအရ သိရပါတယ်။




ဒါ့အပြင် ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ အုန်းချော၊ ဂိုက်တန်း၊ ဂဏန်းကုန်း အပါအဝင် တချို့ရွာတွေဟာ ရွာလုံးကျွတ် ရေကြီးပြီး အိမ်တွေ ရေထဲမျှောပါသွား လို့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အသေအပျောက်ရှိတယ်လို့ ဘီဘီစီကလည်း ဆိုပါတယ်။

Photos : Nickey Diamond


No comments: