Sunday, October 10, 2010

စစ်အာဏာရှင်တွေကို ဥပဒေဘောင်ထဲကနေ အာခံဆန့်ကျင်ကြပါစို့

ကြံ့ဖွံ့နဲ့ ဒီမိုကရက်တစ်ပါတီတို့ရဲ့ မဲဆွယ်စာစောင်တွေကိုဖတ်နေသူများ

နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေဟာ ဒီရက်ပိုင်းတွေမှာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြတာ တွေ့ရပါတယ်။

မဲဆွယ်စာစောင်တွေကို ဖတ်နေကြသူများ

ဒါပေမယ့်လို့ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ မဆလပါတီကို ပြောင်းဖွဲ့ထားတဲ့ တစည ပါတီ ဖိနှိပ်သူဟောင်းနဲ့ လက်ရှိ ပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်နေတဲ့ နအဖ စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီတို့ အဓိက ပြိုင်ကြမယ့်ပွဲပါ။

ရန်ကုန်က ရက်ကွက်တွေ၊ ဈေးတွေထဲမှာ မဲဆွယ်စာရွက်တွေ လိုက်လံဖြန့်ဝေနေတဲ့ ကြံ့ဖွံ့ပါတီဝင်များ

အခုလို သွားကြီးတွေ ဖြီး၊ လက်အုပ်တွေချီပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုတဲ့ အခွင့်အရေးသမား၊ အချောင်သမားတွေပါတဲ့ နအဖ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွံ့ကပဲနိုင်မှာပါ။

မတရား အာဏာသိမ်းထားတဲ့ စစ်အစိုးရကနေပြီး ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရဆိုပြီး သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ တရားဝင် စစ်အာဏာရှင်စနစ်နဲ့ပဲ ပြည်သူလူထုကို ဆက်လက် အုပ်ချုပ်သွားဦးမှာပါ။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ တင်ထွန်းဦး ရန်ကုန်က ရက်ကွက်တခုထဲမှာ မဲဆွယ်နေစဉ်။

ဒါကြောင့်မို့ နအဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင်လည်း ပြည်သူလူထုရဲ့ ယခုကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ့် အပြောင်းအလဲတခုခု ဖြစ်လာစရာအကြောင်း မရှိပါဘူး။

ဒီတော့ ဘာအပြောင်းအလဲမှ ဖြစ်လာမှာမဟုတ်တဲ့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့၊ တစည အပါအဝင် ဘယ် ပါတီကိုမှ၊ ဘယ်သူ့ကိုမှ မဲမပေးပါနဲ့။ ဒီလို မဲမပေးဘဲနေတာဟာ စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ အာခံဆန့်ကျင်တဲ့ လှုပ်ရှားမှု၊ ဥပဒေဘောင်ထဲက တိုက်ပွဲတရပ် ဖြစ်ပါတယ်။

လူတိုင်းဟာ ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသလို မဲမပေးလို့လည်း ရတယ်။ ဒါဟာ ကိုယ့်ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက် အခွင့်အရေးတခု ဖြစ်ပါတယ်။ အတင်းအကျပ် မဲပေးခိုင်းရင်လည်း ပယ်မဲဖြစ်အောင်သာ လုပ်ခဲ့ကြပေတော့။ စစ်အာဏာရှင်စနစ်ကို ဥပဒေဘောင်ထဲကနေ မဲမပေးဘဲ အာခံဆန့်ကျင်ကြပါစို့။

Photo : AP, Getty Images


No comments: