ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီတိုင်း၊ ကော့မှူးမြို့ မဲဆွယ်စည်းရုံးရေးခရီးမှာ ချွေးမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်၊ သရုပ်ဆောင် လွင်မိုး၊ မိုးဒီတို့နဲ့ သွားရောက်မဲဆွယ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ရပ်ကွက်များမှာ လိုက်လံမဲဆွယ်စည်းရုံးနေတဲ့ ကြံ့ဖွံ့ပါတီဝင် အမျိုးသမီးများ (အပေါ်)နှင့် မဲဆွယ်စာရွက်များ ဝေငှနေတဲ့ ကြံ့ဖွံ့ အဖွဲ့ဝင်တဦးဒီအကြောင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင် လွင်မိုးက “နိုင်ငံရေးလုပ်တယ်ဆိုတာ ဒါ အမျိုးသားရေးပါပဲ။ ကိုယ့်နိုင်ငံကောင်းဖို့အတွက် လုပ်ရမှာပေါ့လေ။ ခုချိန်မှာ အစိုးရကလည်း နိုင်ငံရေးကို လုပ်ခွင့်ပြုထားပြီ။ ရွေးကောက်ပွဲတွေလည်း မကြာခင်မှာ စတော့မယ်ဆိုတော့ နိုင်ငံရေးကို နည်းနည်း စိတ်ဝင်စားတဲ့အတွက် အခုလိုမျိုးသွားပြီးတော့ လေ့လာဖြစ်တယ်ဆိုတဲ့သဘောပါ” လို့ RFA သတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန် မဲဆွယ်စည်းရုံးရေးတခုမှာတွေ့ရတဲ့ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်စိုး
ဒါ့အပြင် ၎င်းက“ပါတီထောင်မယ်ဆိုလည်း ထောင်လို့ရပြီပေါ့ဗျာ၊ ရွေးကောက်ပွဲ ဝင်မယ်ဆိုလို့ရှိရင်လည်း ဝင်လို့ ရပြီပေါ့ဗျာ။ ကျနော်ကတော့ အခုလောလောဆယ် လေ့လာတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်ကတော့ တော်တော်လေးကို စိတ်ဝင်စားပါတယ်” လို့ ဆက်လက် ပြောဆိုပါတယ်။အခုလို အနုပညာရှင်တွေ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ လိုက်ပါနေတာနဲ့ ပတ်သက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ကိုကျော်သူကတော့ ပြည်သူတွေ ချစ်ခင်မြတ်နိုးတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေအနေနဲ့ ပြည်သူ့အကျိုးကို ရှေးရှုလုပ်ဆောင်ဖို့ အရေးကြီးပါတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့က မဲဆွယ်စာရွက်ဝေနေတဲ့ တစည ပါတီဝင်တဦး
တစည မဲဆွယ်စာရွက်နဲ့ အမျိုးသမီးတဦး
တစည ပါတီ ရုံးခန်းတခုPhoto : Reuters, AP




No comments:
Post a Comment