ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအတွက် ကိုယ်စားပြုပြီး နအဖ စစ်အစိုးရကို တရားစွဲဆိုတဲ့ တရားမ အထွေထွေ လျှောက်လွှာကို ရန်ကုန်တိုင်း တရားရုံးချုပ်က လက်ခံထားလိုက်ပြီး မနက်ဖြန်မှာ တခါ ပြန်ချိန်းထားတယ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်းတရားရုံးချုပ်မှာ လျှောက်လွှာတင်ပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်း နှင့် ဦးဉာဏ်ဝင်း
တရားရုံးချုပ်က ဒီအမှုကို လက်ခံသည်ဖြစ်စေ၊ လက်မခံဘဲ ပယ်ချခဲ့သည်ဖြစ်စေ ဥပဒေကြောင်းအရ အမှုကို ဆုံးခန်းတိုင် ဆက်လက်လုပ်ဆောင်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတာ ဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့က ဗဟိုတရားရုံးချုပ်အပြင်မှာ သတင်းထောက်ကို ရှင်းလင်းပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးဉာဏ်ဝင်း
နအဖ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်မှာ NLD ရဲ့ တရားဝင် ရပ်တည်မှုအပေါ် ပယ်ဖျက်ခြင်းဆိုင်ရာဥပဒေ ပါလာတဲ့အတွက် NLD က စစ်အစိုးရကို ဧပြီ ၂၉ ရက်မှာ ပထမအကြိမ် တရားစွဲခဲ့သော်လည်း လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ဆိုကာ မေ ၅ ရက်မှာ တရားရုံးက ပယ်ချခဲ့ပါတယ်။
NLD ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်ဖို့ မတ်လ ၂၉ ရက်မှာ ဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက် မှာတော့ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုကို တရားဝင်ရပ်တည်ခွင့် မရှိတော့ကြောင်း ကြေညာခဲ့ပါတယ်။
Photo : AP
No comments:
Post a Comment