Wednesday, September 15, 2010

ရဲမွန်တပ်ပြဿနာ မဖြေရှင်းနိုင်သေး

အမည်ဖော်ပြခြင်းမရှိသေးတဲ့ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး

ရဲမွန်တပ်ရင် ၈ ရင်းက တပ်ရင်းမှူးတွေ အဖမ်းခံရပြီးတဲ့နောက် ကျန်တဲ့အရာရှိ အရာခံ တပ်သားတွေ အရွှေ့အပြောင်း ခံနေရတယ်လို့ တပ်ကြပ်ကြီးတဦးက ပြောပါတယ်။

“အခု ကျနော်တို့တပ်မှာဆိုရင် ရဲဘော်တွေကို ကြိုတင်အသိမပေးဘဲ တပ်နေရာတွေ ပြောင်းပစ်တယ်၊ သိမ်းထားတဲ့ လက်နက်တွေလည်း အခုထက်ထိ ချမပေးသေးဘူး၊ တပ်ရင်းလုံခြုံရေးကို တပ်မ ၁၁ ကပဲ တာဝန်ယူထားတာ၊ ဘဏ်စုငွေလည်း ထုတ်မပေးသေးဘူး၊ ချထားတဲ့လုံခြုံရေးတွေည်း ပြန်မရုတ်သိမ်းသေးဘူး”

လို့ ရဲမွန် တပ်ကြပ်ကြီးတဦးက ဘီဘီစီကို ပြောပါတယ်။

ရဲမွန်တပ်တွေကိစ္စကို အပြင်ဘက် မပေါက်ကြားရအောင်နဲ့ တပ်ရင်းအတွင်း ဘာမှမဖြစ်ဘဲ ပုံမှန်အနေအထားလို့ အများထင်အောင် ရဲမွန်မြို့အတွင်းမှာ တပ်မ ၁၁ က တပ်မမှူး ကိုယ်တိုင်လာပြီးတော့ ဘော်လုံးပွဲ၊ ခြင်းပွဲ၊ လက်ဝှေ့ပွဲတွေကို အားကစားရုံကွင်းမှာ လုပ်ပေးနေတဲ့အကြောင်း သူက ပြောပါတယ်။

ဒီပွဲတွေမှာ ရဲမွန်တပ်ရင်းက ရဲဘော်တွေမပါဘဲ တပ်မ ၁၁ နဲ့ ရန်ကုန်တိုင်းက တပ်သားတွေသာ ပါဝင်တယ်လို့ တပ်ကြပ်ကြီးက ပြောပါတယ်။

ရဲမွန်တပ်ရင်းတွေမှာ အခုထက်ထိ တပ်ရင်းမှူးအသစ် ရောက်မလာသေးသလို ဘဏ်စုငွေပြန်ထုတ်ပေးဖို့ ပြဿနာတွေ ပြေလည်မှု မရှိသေးဘူးလို့ သူက ပြောပါတယ်။

သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - နအဖ

No comments: