၂၂ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ နိုင်ငံတဝှမ်းရှိ ဒီမိုကရေစီလှုပ်ရှားသူများက အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပကြသလို ရန်ကုန်မြို့မှာရှိ ဒီမိုကရေစီရေးလှုပ်ရှားသူ အင်အားစုတွေကလည်း အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က မြန်မာပြည်တဝှမ်းရှိ ပြည်သူလူထုက တပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို စတင်တောင်းဆိုခဲ့တဲ့ခဲ့ကြပါတယ်။ အဲ့ဒီ လူထုလှုပ်ရှားမှုကြီးကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အင်အားသုံးနှိမ်နင်းခဲ့လို့ လူပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။
Photo : AP, Reuters, Getty Images, Internet
No comments:
Post a Comment