Thursday, April 15, 2010

ပိတောက်စိမ်း

ပိတောက်တွေ စိမ်းတာကြာပြီ။

မပွင့်ခင် ပွင့်ဖတ် စိမ်း
ပွင့်ပြန်တော့လည်း ပွင့်ချပ် စိမ်း
အရာရာ စိမ်းစေဖို့
အစိမ်းတွေက ဖုံးလို့ထား
အလွမ်းများနဲ့ သင်္ကြန်ကြို
အရာရာ လိုနေတဲ့ အဖြစ်။

ပွင့်စမ်းပါ ပန်းပိတောက်
လျှမ်းတောက်တဲ့ ရွှေအဆင်း
ကိုယ့်ရနံ့ ကိုယ်သင်းလို့
ကိုယ့်သီချင်း ကိုယ်ဆိုစမ်းပါ့
လွမ်းသမျှ အတိုးချလို့
ပျော်လိုက်ပါရစေ။

ခုတော့
ပိတောက်တွေ စိမ်းတာ ကြာပြီ။ ။


ထိန်လင်း
၂၀၁၀ ဧပြီ ၁၄ ရက်

No comments: