မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။
နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းခဲ့ပြီ။
လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ဖြတ်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်ခဲ့ရပြီ။
ဂုဏ်သိက္ခာတွေ ကြွေမွပြီး
စီးထားတဲ့ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘဝဆိုတာ ကောလဟာလပါပဲ။
ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးတွေရဲ့နောက်မှာ
ငါ … … လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်။
ဒါပေမယ့်
ဘာတွေမှတွေးမနေနဲ့။
တိမ်တွေရဲ့ကိစ္စ
ရာသီတွေရဲ့ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
အိနြေ္ဒကြီးတဲ့ကောင်းကင်လိုနေလိုက်ပေါ့။
ဂျုး
၁၉၈၇ ခုနှစ်၊ မတ်လ
No comments:
Post a Comment