Saturday, July 18, 2009

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် (နိဂုံးပိုင်း)


အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် ၁၉ ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ဘဲ “ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့” တွင် လုပ်ရမည်ဖြစ်သည်။


ဤနေရာတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးအကြောင်း အနည်းငယ် ရှင်းပြရန်လိုပေလိမ့်မည်။


၁၉၄၆ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ဝန်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီ ကျင်းပနေကျဖြစ်သည်။


ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုကိုက်ခန့်အပ်ထားသော ဝန်ကြီးတဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်းကျင်းပသော ဝန်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။


သို့ရာတွင် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူ ချုပ်ဆိုသော “အောင်ဆန်း အက်တလီ စာချုပ်” ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက် ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။


ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ် ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။

ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။


ယင်းအကြောင်းကို ဂဠုန်ဦးစောက မသိ။ ဝန်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ ၁၀ နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်ုံမက အစည်းအဝေးဖိတ်စာများကို ဝန်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။


သို့သော် ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတခုဖြစ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်နေသည်။ အစည်းအဝေး ၂ ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့တင်ပြသောအခါ ဗိုလ်ချုပ်က …


“လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲ့ဒီ အစည်းအဝေးကို ဒီတိုင်းပဲထား၊ ကက်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ပြောင်းလုပ်လိုက်၊ ဝန်ကြီး တွေဆီကိုလည်း ဖိတ်စာအသစိုက်ပြီး ပေးလိုက်”


ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့” တွင် အစိုးရအဖွဲ့အစည်းအဝေး ကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။


ဤသည်တို့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကြုံးမရဖြစ်စရာ ကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။


ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေး တပ်စိတ်ကိုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။


ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။


တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမား အဖွဲ့အား တယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။


အကယ်၍သာ တိုင်းပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီက ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ တွင် ကျင်းပဖြစ်မည်။


ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ် သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင်လွှတ်မည် ဖြစ်သည်။ သို့ဖြစ်လျှင် ဝန်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။


အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ)တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။


ဗိုလ်ချုပ်၏အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲ အတွေ့အကြုံလည်းရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။


သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိသော အတွင်းဝန်ုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။


ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ် ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ” ဟုဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက် တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝ မစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကို လုပ်ကြံမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့ရှာသည်။

သို့သော် တကယ်ကျတော့ သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်ကသာ ၁၉-၇-၄၇ နေ့က မှုမလှ “ရေတိမ်နစ်” ကျဆုံးခဲ့ရရှာသည်။


ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။


ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း

“သတ္တဝါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား” ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။


စတိုင်သစ်မဂ္ဂဇင်း

(ဇူလိုင်လ၊ ၁၉၉၅)



ဗိုလ်ချုပ်အောင်ဆန်း

Friday, July 17, 2009

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်


“ပျောက်သောသူ ရှာလျှင်တွေ့

သေသောသူ ကြာလျှင်မေ့”


ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုးစကားပင်ဖြစ်သည်။


ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုးစကားလည်းဖြစ်ပါ၏။


အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။


ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုးစကားနှင့်ပတ်သက်၍ ချွင်းချက်တော့ရှိနေပါသည်။


ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့ သမိုင်းတွင် အလွန်အုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်း သည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။


အထူးသဖြင့် ၁၉-၇-၄၇ နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တလအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လနီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။


ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခု ဆက်လက်ဖော်ပြလတ္တံသော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။


၁၉၄၇ ခုနစ်၊ ဇူလိုင်လဆန်းတွင် ‘ဘီအိုဒီ’ ခေါ် ဗြိတိသျှစစ်တပ် ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ်ပုံစံအတုများဖြင့် မသမာသူတစုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ ‘သတင်းတပ်ဖွဲ့’ က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတဆင့် အစိုးရအဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။


ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။


ဖော်ပြပါလက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။


ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုကိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စုစစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ်တစိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအဝင်)နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ုံးခန်း ပြင်ဘက်တွင် လုံခြုံရေး တာဝန်ချထားလိုက်သည်။


ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကိုသိထားသူ ဝန်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝ အသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ုံးခန်းအပြင်ဘက် လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အားမပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။


ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲနေလိုက်ပါသည်။


သို့ရာတွင် ကံဆိုးချင်တော့ တနေ့ ဗိုလ်ချုပ်နှင့်ကျွန်တော်တိုံ့းဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှုံးခန်းသို့အဝင်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့သည့် ထောင့်နား မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။


ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည်ုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။


“ဟေ့ကောင်၊ ငါုံ့းခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ”


“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”


ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။


“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါုံ့းခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေ ချထားတာကို ငါ မမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ပြော။ ငါုံ့းခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်း ပြန်ုပ်ခိုင်းလိုက်။ ကဲ…မင်း အခုပဲ သွားပြောပေတော့”


ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ဝန်ကြီး ပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။


ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။


“ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင် တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းဘူးကွာ”


ဤသို့ ငြီးငြူရင်းနှင့်ပင် ဝန်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ုံးခန်းရှေ့မှ လက်နက် ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်ုးပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။


ထိုနေ့ ညနေဘက်ုံးမှအိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစုံတခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။


“ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား”


“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး”


ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏ စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။


“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေ အတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်က ရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”


ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ် လုပ်ပြီး တော်မီဂန်းတလက်၊ စတင်းဂန်းတလက်၊ ခြောက်လုံးပြူး နှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။


နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ ဖြစ်ပါသည်။


ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ဝင်ရောက်လုပ်ကြံပစ်ခတ်ခြင်း ဖြစ်သည်။


ဆက်လက်ဖော်ပြပါမယ်။


ုပ်ဖော်ပုံကို အင်တာနက်မှ ရပါတယ်။



သခင်အောင်ဆန်း တရား

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့် သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ် အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျ လောင်မြိုက်၊ သူ မီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘဝ၊ မျှတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက် တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဇော်ဂျီ
လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆)


ုပ်ဖော်ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်


Thursday, July 16, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၂)


တင်ရှိန်က ပထမဆုံး ဗမာပြည်ထဲက ပါတီခေါင်းဆောင်တွေနဲ့ ရဲဘော်တွေ တရုတ်ပြည်ထဲ ဘယ်လိုဝင်ကြတယ် ဆိုတာ စ ပြောပါတယ်။ တဖြည်းဖြည်း ရုပ်လုံးဖော်လာပါတယ် သခင်သန်းထွန်း နောက်ဆုံးနေ့များ ၂ တွဲစလုံး ဖတ်ထားပြီးမို့ အသစ်အဆန်း မပါ။ သူ ပြောလို့ အရှိန်ရပြီဆိုတာနဲ့ “နေဦး” လို့ ကျနော်က လက်ပြပြီးတားပါတယ်။
“ကျနော်သိတာ ကြားတာက ခင်ဗျားပြောသလို မဟုတ်ဘူး” ပီကင်းရေဒီယိုက ဘယ်လို ပြောတယ်၊ ပြည်သူ့ အသံက ဘယ်လို ပြောတယ်၊ ပဲခူးရိုးမရောက်ဖူးတဲ့ရဲဘော်တွေက ဘယ်လိုပြောတယ် ဆိုပြီး သူ့စကားကို ချေဖျက်ပါတယ်။
“ပြည်သူ့အသံ ဆိုတာလဲ တရုတ်အသံပဲ၊ တရုတ်ပြည်ထဲက လွှင့်နေတာ …”
“မဟုတ်ဘူး၊ ကြူကုတ်က လွှင့်နေတာ”… ကျနော်က ဘယ်ကသိထားတဲ့ အချက်အလက်မှန်း မသိ ချေဖျက်ရပြီးရော ရမ်းတုတ်လိုက်ပါတယ်။
အဆောင်ထောင့် ကျွန်းသားတိုင်ကြီးပေါ်မှာ ခဲဆံနဲ့ မှိန်ဖျော့ဖျော့လေး ရေးခြစ်ထားတဲ့ ‘ကြူကုတ်ကို ပါတီက ၆၈ ခုနှစ်မှာ သိမ်းလိုက်ပြီ’ဆိုတဲ့ စာတမ်းလေးကြောင့်လား?။ ကျွန်းတုန်းက တယောက်ယောက်ရဲ့ ခန့်မှန်းပြောဆိုချက်ကြောင့်လား မသိ။ (ခု ဒီစာရေးနေစဉ်မှာတော့ ပြုံးမိပါတယ်။)
ဒီနေရာမှာ အချက်အလက် ခိုင်မာတိကျဖို့ ပြိုင်နေတာမဟုတ်။ ရပ်တည်ချက်ချင်း ပြိုင်နေတာဖြစ်လို့ ပြဿနာ မရှိ။
သူကတော့ အတော် ရှုံ့သွားပါတယ်။ သို့သော် ဆက်လက်ကြိုးစားပြီး အချက်အလက်တွေ တင်ပါတယ်။
ယဉ်ကျေးမှုတော်လှန်ရေးကာလမှာပဲ သခင်ဗသိန်းတင် ခေါင်းဆောင်တဲ့အစုက သခင်သန်းမြိုင်ကို သေဒဏ်ပေးပြီး အဆုံးစီရင်လိုက်ပြီဖြစ်ကြောင်း ပြောပြန်တယ်။ (တလောကမှ သခင်သန်းမြိုင်တယောက် ဖျားနာသေဆုံးသွားကြောင်းသိရလို့ ဒီ စာရေးနေစဉ်မှာ ဒုတိယံပိ ပြုံးမိပြန်ပါတယ်။)
ထားပါတော့ ဘခက်အလှည့်ကို ဆက်လိုက်ပါဦးမယ်။
ဘခက်က ချောင်းသံပေးလိုက်ပြီး။ “ခင်ဗျားက ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်အမြင်ဆိုတဲ့ မေးခွန်းနံပါတ် ၁ ကို ‘ဗမာပြည်၏ တခုတည်းသော ပစ္စည်းမဲ့လူတန်းစားပါတီ’ လို့ ဖြေထားတယ်။ အရင်ကတော့ ဟုတ်ခဲ့တယ်။ အခု မဟုတ်တော့ဘူးဗျ”ဆိုပြီး ‘နောက်ဆုံးနေ့များ’ထဲက အချက်အလက်တွေ ရွတ်ဖတ်သရဇ္ဈယ်ပါတော့တယ်။
ကျနော်ကလည်း ထုံးစံအတိုင်း ရေးလိုက်မှတ်လိုက် ပြုံးလိုက်။ သူ အရှိန်တက်လာတာနဲ့ တားလိုက် ချေဖျက်လိုက် လုပ်နေပါတယ်။
သူက တော်တော်နဲ့ မရပ်၊ ပါတီဗဟို ရုံးအုပ်လုပ်လာသူဆိုတော့ လမ်းစဉ်အမှားတွေအကြောင်း၊ ဗဟိုကော်မတီတွေအကြောင်း၊ ဖြုတ် ထုတ် သတ် ကိစ္စတွေအကြောင်း စာအုပ်လွတ် တတွတ်တွတ် ရွတ်ပြလို့ ကောင်းနေပါတယ်။
“ ဗန်းမော်တင်အောင်နဲ့လည်း တွေ့ပြီးပါပြီ။ ဖြုတ် ထုတ် သတ် ကိစ္စတွေပြောပြတော့ ‘ဟုတ်ရဲ့လား ကိုမြရယ်’ လို့ စုတ်တသတ်သတ် ဖြစ်သွားတယ်။ ခင်ဗျားတို့ ကျွန်းမှာ နောက်ဆုံးတိုက်ပွဲတိုက်တော့ ‘အလဟဿ သေကုန်တော့မှာပဲ၊ ကျနော်တို့ ကိုကိုးကျွန်းသွားချင်တယ်။ ပဲခူးရိုးမ ဖြုတ် ထုတ် သတ် ကိစ္စတွေ ရှင်းပြပြီး ရဲဘော်တွေ အသက်ကယ်ပေးချင်တယ်၊ ခွင့်ပြုပါ’ … လို့ ဗိုလ်မှူးကြီး တင်ဦး (မျက်မှန်)ဆီ တင်ပြပါသေးတယ်။ သူက နောက်မှသွားကြတာပေါ့၊ ပြောတာနဲ့ မလာဖြစ်တာ ကိုယ့်ရဲဘော်တွေပဲဗျာ” … ဆိုပြီး လူတန်းစားမေတ္တာ တွေ ထုတ်ပြနေပါသေးတော့တယ်။ (တောက် … လာလိုက်လို့ကတော့ ပွဲကြီးပွဲကြီးကောင်း ဖြစ်သွားမယ်။)
“ခင်ဗျားဖြေတဲ့အထဲမှာ တော်လှန်ရေးကောင်စီနဲ့ပတ်သက်ပြီး ဖောက်ပြန်တဲ့စစ်အုပ်စုလို့ အကဲဖြတ်တယ်။ ကျနော်တို့က ဒီလိုမထင်ဘူး။ သူတို့ဟာ ဆိုရှယ်လစ်လမ်းစဉ်ကို ရိုးရိုးသားသား ယုံကြည်လုပ်ကိုင်နေသူတွေပဲ၊ မလုပ်တတ် မကိုင်တတ်တာတွေ ရှိချင်ရှိမယ်။ သူတို့အထဲမှာ ဖောက်ပြန်တဲ့အပိုင်းလည်း ရှိချင်ရှိမှာပေါ့။ ဒါတွေကို ပါတီတွင်းတိုက်ပွဲနဲ့ ပြောင်းလဲပစ်နိုင်တယ်လို့ ယုံ … (ကျနော် ပြုံးလိုက်တာ မြင်လိုက်ဟန်တူပါတယ် ယုံရဲ့နောက်မှာ ‘ကြည်’ လိုက်မလာဘဲ) ထင်တယ်” (အင်း … ရမယ် … ရမယ်)
“နောက်တခု မဆလ ကို ဆိုရှယ်လစ် အတုအယောင်လို့ ဖြေတယ်။ ဒါလည်း ကျနော်တို့နဲ့ ကွဲတယ်” … ဆိုပြီး သိဒ္ဓွိတင်တာတွေ လုပ်လာပြန်တယ်။ နေကလည်းစောင်း နားကလည်းညည်းလာပြီမို့ …
“ကဲ … ခင်ဗျား ရှင်းလင်းချက်တွေလည်း အတော်ရှည်လှပါပြီ။ ဒါပေမယ့် ကျနော့်ထင်မြင်ချက်တွေလည်း တချက်တလေတောင် ပြောင်းမသွားပါဘူး” … ဆိုပြီး ဘရိတ်အုပ်ပစ်လိုက်ပါတယ်။
“တခြားပြောချင်တာရှိသေးလား?” လို့လည်း မေးလိုက်ပါတယ်။ သူလည်း အတော်တော့ မောနေပုံရပါတယ်။
“အေးဗျာ ကျနော်လည်း ခင်ဗျားလို ငယ်ငယ်လေးကတည်းက ယုံကြည်ချက်နဲ့ တော်လှန်ရေး လုပ်လာတာပါ၊ မိဘမေတ္တာ ဆွေမျိုးသားချင်းမေတ္တာတွေ မျက်ကွယ်ပြုခဲ့တယ်။ ခု ကျနော် အိမ်ထောင်ကျပြီး သားသမီးရလာမှ မိဘမေတ္တာဆိုတာ ဒီလောက်အထိတောင်ပါပဲလားလို့ သိလာတယ်။ ခင်ဗျားကိုလည်း အိမ်က လာတွေ့သွားပြီမဟုတ်လား? သူတို့မေတ္တာကို ခင်ဗျားခံစားမိမှာပါ။ မကြာခင် အမြန်ဆုံစည်းပါတော့မယ်။ ကဲ … နောက်ဆုံးအနေနဲ့ ကျနော်တို့ သိချင်တာလေးတခုတော့ ဖြေသွားဗျာ”
( အင်း … ခုမှပဲ ကျနော် စောင့်နေတဲ့အကွက် ရောက်လာပါတော့တယ်)
“ကျနော်တို့ အလင်းဝင် ရဲဘော်တွေထဲကို ၃ မျိုး ၃ စားခွဲနိုင်တယ် ထင်ပါတယ်။ နံပါတ်တစ် အမျိုးအစားက နိုင်ငံရေးလည်းစွန့်လွှတ် လူမှုရေးလည်း ဖောက်ပြန်ကြတယ်။ နောက်တမျိုးကျတော့ မာ့က်စ်ဝါဒ လီနင်ဝါဒကို မစွန့်လွှတ်၊ ဒါပေမယ့် လူမှုရေးကျတော့ ဖောက်ပြန်တာရှိတယ်။ နောက်ဆုံး အမျိုးအစားက မာ့က်စ်ဝါဒ လီနင်ဝါဒကို ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင်နေကြပြီး လူမှုရေးဘက်မှာလည်း မှဲ့တပေါက်မစွန်းအောင်နေတဲ့သူလို့ တွေ့ရတယ်။ ကျနော်တို့ကို ဘယ်လိုအမျိုးအစားထဲကလို့ သတ်မှတ်ချင်ပါသလဲ?”။
ဆက်လက်ဖော်ပြပါမယ်။

Saturday, July 11, 2009

လူ့ဘောင်ကို ဘယ်လိုသစ်မလဲ (နိဂုံးပိုင်း)


ဖက်ဆစ်လို့ မြင်ပါတယ်။


ဥက္ကဋ္ဌ ခင်ဗျား … ရန်သူကို ဖက်ဆစ်လို့ လက္ခဏာ သဘောအရ သတ်မှတ်လိုက်ရင် … ချေမှုန်းပစ်ရေး တခုတည်းပဲရှိတယ်လို့ နိုင်ငံရေးပညာရှင်ကြီးတွေက ကောက်ချက်ချကြပါတယ်။


ဥပမာ ဒုတိယကမ္ဘာစစ်မှာဆိုရင် ရန်သူကြီးတွေဖြစ်နေကြတဲ့ နယ်ချဲ့စနစ်နဲ့ ကွန်မြူနစ်စနစ်ဟာ … ရန်ဖြစ်နေတာ ခဏရပ်ထားပြီး မဟာမိတ်ဖွဲ့ပြီး ဖက်ဆစ်ကို ချေမှုန်းပစ်ကြပါတယ်။ ဒါ သမိုင်းပါပဲ။


ဖက်ဆစ်လို့ပြောရာမှာ ဟိုတကွက် သည်တကွက် ကြည့်ပြီး ပြောတာမဟုတ်ဘဲ တခုလုံးခံပြီး စနစ်အရသုံးသပ်ပြီး ဖက်ဆစ်လို့ ပြောလိုက်ပြီဆိုလျှင် ချေမှုန်းပစ်ရေး သေနင်္ဂဗျူဟာကလွဲပြီး ဘာမျှ ချလို့မရတော့ပါဘူး။ ဒါကြောင့်ရှင်းအောင် ထပ်ပြောစေချင်ပါတယ်။


ဖက်ဆစ်လို့ မြင်ပါတယ်လို့ ကျနော်ထပ်ပြီး အတည်ပြုပြောပါမယ်။ ရန်သူဖက်ဆစ်တွေ ကျင့်သုံးနေတာ စစ်အာဏာရှင်စနစ် ဖြစ်ပါတယ်။ ဖက်ဆစ်အာဏာရှင်စနစ်ကို မချေမှုန်းပစ်သမျှ ပြည်သူတွေ မလွတ်မြောက်ပါဘူး။ ဖက်ဆစ်တွေရဲ့ စစ်တပ်ဗျူရိုကရက် အုပ်ချုပ်ရေးယန္တယားကိုပါ ချေမှုန်းဖျက်ဆီး သုတ်သင်ဖယ်ရှင်းပစ်ပြီးမှသာ ပြည်သူတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ထုတ်နိုင်မယ်။


ဆက်ပြောရရင် စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်လို့ ရပါမယ်။ ဆက်ပြောရရင် ပြည်သူတွေအချင်းချင်းအတွင်းမှာရှိနေတဲ့ ပဋိပက္ခတွေကို လက်နက်မကိုင်တဲ့နည်း၊ ညှိနှိုင်းဆွေးနွေးနည်းတွေနဲ့ ဖြေရှင်းပြီး … ပြည်တွင်းငြိမ်းချမ်းရေးရမှာပဲ။


ရန်သူဟာ ဖက်ဆစ်ဖြစ်တဲ့အတွက် ဖက်ဆစ်နဲ့စေ့စပ်သူတွေဟာ ပြည်သူရဲ့ စိတ်ဆန္ဒတွေကို မျက်ကွယ်ပြု သွားသူတွေချည်းပါပဲ။


ဒုတိယတခေါက် တွေ့ဆုံခြင်းမှာ အထက်ပါမေးခွန်းလေးရပ်ဖြင့် အဆုံးသတ်သွားလေသည်။ သူတို့သည် စာပေကလပ် ဟု အသိအမှတ်ပြုထားရာ မယ်တုကွီချောင်းကွေ့ချိုးထဲရှိ အိမ်ပေါ်မှ နှုတ်ခွန်းဆက်ကာ ဆင်းသက်သွားလေသည်။


မယ်တုကွီစမ်းချောင်းရေကို ဖြတ်လျှက်တဖက်ရှိ ကမ်းသို့တက်သွားနေသည်။ အနာဂတ်ကို မျှော်လင့်ချက်ကြီးမား လှသည့် အသက် ၃၀ မပြည့်တတ်သေးသည့် ထိုလူငယ် ၂ ယောက်၏ ကျောပြင်သည် ပျောက်ကွယ်သွားလေပြီ။


စာရေးသူစိတ်ထဲ၌မူ သူတို့အားရတက်ကြွစွာ ပြောသွားသည့် စကားများလည်း ရိုက်ခတ်ကျန်နေခဲ့၏။ မေးချိန် မတိုင်သေးသော မေးခွန်းတခုလည်း စိတ်ထဲ၌ ကြွင်းကျန်နေရစ်ခဲ့သေးသည်။


ဤမေးခွန်းကား နှင်းကြွင်းကျန်များပမာနှယ် စာရေးသူစိတ်၌ အုံ့ပျံနေသည်။ သူတို့၏ ပြောကြားချက်များထဲ၌ အဖန်တလဲလဲ ကြားနေရသည့်စကားမှာ စစ်မှန်သောဒီမိုကရေစီဟူ၍ ဖြစ်၏။


ဤအသုံးအနှုန်းမှာ ၁၉၈၈ နောက်ပိုင်း၌ ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်း၊ လူတိုင်းပြောနေသည့် စကားဖြစ်သဖြင့် ယေဘူယျစကားဖြစ်၏။


သူတို့ပါတီ၏အမည်ကား လူ့ဘောင်သစ် ဟု ထူးခြားချက်ပါရှိနေသည်။ ထို့ကြောင့် ကျနော့်အတွက်ကား မေးခွန်းတခုသည် ကြွင်းကျန်ရစ်နေခဲ့၍ သူတို့အဖြေများကမူ ပြည့်စုံသွားကြပြီလား မဆိုနိုင်။


သမိုင်းကလည်း လက်တွေ့ထဲ၌မေးရန် မေးခွန်းများစွာဖြင့် သူတို့ကို စောင့်ကြိုနေသည်။ သူတို့ဖြေကြားရတော့မည်။


ပါတီကို လက်နက်ကိုင်တော်လှန်ရေးနှင့် အံဝင်ခွင်ကျအောင် မည်သို့ပြန်လည်တည်ဆောက်မည်နည်း။

မည့်သည့် လမ်းညွှန်အတွေးအခေါ်နှင့် မည်သည့် သေနင်္ဂဗျူဟာလမ်းစဉ် ချမှတ်မည်နည်း။ မည်သည့်ပုံစံဖြင့် တော်လှန်ရေးတပ်မတော် တည်ဆောက်မည်နည်း။


လူ့ဘောင်သစ်ဟူသည့် အမည်နာမ၏ ခမ်းနားကြီးမားမှုကလည်း သူတို့ကို မေးခွန်းများစွာ မေးလာပေလိမ့်ဦးမည်။


ရန်ကုန် ဖက်ဆစ်နေပြည်တော်မှ သူတို့အလံကိုကား မာနယ်ပလောတော်လှန်ရေးမြို့တော်သို့ သယ်ယူ ရွှေ့ပြောင်းလာခဲ့ပြီးလေပြီ။



သူရိယသာရ


Wednesday, July 8, 2009

လူ့ဘောင်ကို ဘယ်လိုသစ်မလဲ (၃)


ပါတီရဲ့ ရံပုံငွေ ရောင်းချပွဲတွေ ပိတ်တယ်၊ ဖက်ဆစ်တွေ အတင်းအကြပ်မေးနေတဲ့ မေးခွန်းတွေကို မဖြေမနေရ ဖြေနေရတယ်။ လှုပ်ကနဲ သန့်ကနဲဆိုရင် ဖမ်းတာပဲ။ အခုအထိ အဖမ်းခံနေရတဲ့ ပါတီဝင် ၁၅၀၀ ကျော်ပြီ။


(၃)


ပုံဖော်ကောက်ကြောင်း မေးခွန်းလေးရပ်


လူ့ဘောင်သစ်နှင့် တွေ့ဆုံသည့် နှစ်ရက်မှာ … ဆက်ရန်မဟုတ်ပေ။ စာရေးသူက မေးမည့်မေးခွန်းလေးရပ်ကို ကြိုတင်၍ တင်ပြထားနှင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်းလေးရပ်သည် လူ့ဘောင်သစ်ပါတီ၏ အနာဂတ်လမ်းကြောင်းအား ပုံကြမ်းခြစ်ခြင်းလည်း ဖြစ်နေ၍ဖြစ်ပါသည်။ ကြားထဲ လေးရက်ခြားပြီး ပြန်တွေ့ဆုံဖြစ်သည်။


ပထမဤမေးခွန်းဖြင့် လူ့ဘောင်သစ်ပါတီ၏ ဥပဒေတွင်းမှ ပုံရိပ်ကို ဖော်ကြည့်လေသည်။ လူ့ဘောင်သစ်ပါတီ တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ဟာဘာလဲ။


ကျနော်တို့ ရည်ရွယ်ချက်သုံးရပ် ဖော်ထုတ်တင်ပြခဲ့ပါတယ်။


၁။ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကားရေး


၂။ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး


၃။ တပ်ပေါင်းစုကြီးတရပ်ပေါ်ထွန်းရေး


အဲဒီသုံးရပ်ကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။


ဒုတိယမေးခွန်းဖြင့် ပုံကြမ်းဖော်ယူကြည့်ပါသည်။


ဒီဘက်မှာ လွတ်မြောက်ဒေသမှာ စိုက်ထူထားသော ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် လူ့ဘောင်သစ်အနေနဲ့ ဘယ်လိုခံယူပါသလဲ။


အတွင်းရေးမှူးက ဖြေသည်။


အမျိုးသားတိုင်းရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အမျိုးသားတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ အတိအကျ ဖြေရရင် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်မှုအာဏာ … ဒီ အာဏာ ၃ ရပ် ပါဝင်ပါတယ်။


ဒီအာဏာ ၃ ရပ်ဟာ ဘယ်သူက အသိအမှတ်ပြုတာ မပြုတာနဲ့မဆိုင်ဘူး။ အမျိုးသားအခွင့်အရေးအဖြစ် တည်ရှိပြီးသားဖြစ်နေပါတယ်။ ဒါကို ဖြေဆိုနေရတယ်ဆိုတာ ကိုယ်၌က အားနာစရာဖြစ်နေပြီတောင် ခံစားမိပါတယ်။


ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ ပတ်သက်၍တော့ အဲ့ဒီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအပေါ် အခြေခံတဲ့ ပြည်နယ်တွေ ဘယ်လိုပေါင်းစုမလဲဆိုတဲ့ပြဿနာလို့ ကျနော်တို့ နားလည်ပါတယ်။ ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရကြား အာဏာ ဘယ်လိုခွဲဝေမလဲ၊ ဘယ်လိုပြန်လည်စည်းရုံးဖွဲ့စည်းမလဲဆိုတဲ့ ပြဿနာပါ။


ဒါနဲ့ပတ်သက်၍ အခု ဒီအေဘီရဲ့ဖက်ဒရယ်ပြည်ထောင်စုမူကို အခြေခံအားဖြင့် ကျနော်တို့ သဘောတူပါတယ်။


တတိယမေးခွန်းမှာမူ လူ့ဘောင်သစ်ပါတီတရပ်တည်းအတွက်သာ ဦးတည်ချက်မဟုတ်တော့။ မြန်မာပြည် တပြည်လုံးရှိ ဥပဒေတွင်း ပါတီများ၏ ဘဝနှင့်အတွေးအခေါ်များ အခြေအနေကိုပါ စမ်းသပ်ကြည့်ရှုခြင်းလည်း ဖြစ်ပါသည်။


လူ့ဘောင်သစ်ပါတီဟာ ဒီကိုရွှေ့မလာဘဲ ဥပဒေအတွင်းမှာ နေလို့မရဘူးလား။


မရပါဘူး။


ဘာကြောင့်မရတာလဲ။


အကျဉ်းချုပ်ပြောရရင် ဟိုမှာ နေရင် ၁/၉ဝ ကိုထောက်ခံ၊ သူတို့လုပ်တဲ့ အမျိုးသားညီလာခံ နေရှင်နယ် ကွန်ဗင်းရှင်းကို တက်။ အဲဒီမှာ သူတို့ရေးဆွဲမယ့် အခြေခံဥပဒေကို ခေါင်းညိတ်ရမှာပဲ။ ဒါမလုပ်လို့မရဘူး။ ဒါလုပ်တာဟာ ပြည်သူတွေအပေါ် သစ္စာစောင့်သိရာကျမတဲ့လား။


တခြားအကြောင်းတွေအများကြီးထဲမှာ … ဥပမာဆို ပါတီရဲ့ စာပေထုတ်ဝေခွင့် န/သ ကို ပိတ်ထားတယ်။ ဘာမှ ဝါဒဖြန့်ချိခွင့်မရှိတော့ဘူး။ ပါတီရဲ့ ရံပုံငွေ ရောင်းချပွဲတွေ ပိတ်တယ်၊


ဖက်ဆစ်တွေ အတင်းအကြပ်မေးနေတဲ့ မေးခွန်းတွေကို မဖြေမနေရ ဖြေနေရတယ်။ လှုပ်ကနဲ သန့်ကနဲဆိုရင် ဖမ်းတာပဲ။ အခုအထိ အဖမ်းခံနေရတဲ့ ပါတီဝင် ၁၅၀၀ ကျော်ပြီ။


ကျနော်တို့ဟာ ဟိုမှာ နေနေတာကိုက ပြည်သူတွေအပေါ် သစ္စာစောင့်သိရာမရောက်တော့ဘူးလို့ ခံစား လာရတယ်။ မြန်မာပြည်တော်လှန်ရေးဟာ ဥပဒေအတွင်းမှာ လုံးဝ လုပ်မရတော့ဘူး။ လက်နက်ကိုင်နည်း တခုပဲရှိတော့တယ်။ ဒါကို မသိလို့မရဘူး။


ဤ စတုတ္ထမေးခွန်းသည် ပါတီလမ်းကြောင်းကြီးတခုလုံးအား ချမှတ်ရာ၌ သေနင်္ဂဗျူဟာကျသော အချက်အချာ ကျသော မေးခွန်းကြီးဖြစ်နေပါသည်။


ရန်သူရဲ့လက္ခဏာသတ်မှတ်တာနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။


ရန်သူကို ဘယ်လိုမြင်ပါသလဲ။


ဆက်လက်ဖော်ပြပါမယ်။


စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၁)


ကျနော် ပြုံးချင်သလိုလို ဖြစ်သွားမိတယ်။ ပဲခူးရိုးမမှာ ဖြစ်ခဲ့ကြတဲ့အကြောင်းချင်းတတွေ သိထားပြီးမို့ပါ။ ရည်းစားလုဘက် နှစ်ယောက် ဒီနေရာမှာတော့ တလှေထဲစီး တခရီးတည်း သွားနေကြပါလား။
(၄)
နံနက် လက်ဖက်ရည်သောက်ပြီးတာနဲ့ ရဲဘော်တွေ ဝိုင်းဖွဲ့လိုက်ကြပါတယ်။ ကျနော်က လာခေါ်လို့ တွေ့ဖြစ်ကြရင် ဘယ်လိုရင်ဆိုင်မယ်၊ ဘာတွေ … ဘာတွေ ပြောမယ်။ ညနေ ပြန်မရောက်လာရင် အဲဒါတွေပြောလို့ပဲဆိုတာ မှတ်ထားကြပါ … လို့ မှာထားပါတယ်။
တွက်ထားတဲ့အတိုင်း နံနက်စာစားပြီးချိန် လာခေါ်ပါတယ်။ အင်းစိန်ထောင်ကို ကျနော် မကျွမ်းပါ၊ စောင်ကလည်း အုပ်ထားလေတော့ ဘယ်ခေါ်သွားလို့ ခေါ်သွားတယ်မသိ။ စောင်ဖွင့်ပေးလိုက်မှ တထပ်တိုက်ကလေးရှေ့ တံခါးဝမှာရောက်နေကြောင်း သတိပြုမိတော့တယ်။
အပေါက်ဝဘေး ပုဏ္ဏားကွယ်အခန်းရှိ စားပွဲတလုံးဘေးမှာ လူနှစ်ယောက် ထိုင်နေပါတယ်။ (MI တွေပဲ ဖြစ်မယ်) စားပွဲပေါ်မှာ ဘာပစ္စည်း တင်ထားတယ် မသိ။ ကဒ်ထူပြားတချပ်ထောင်ပြီး ကွယ်ထားပါတယ်။ (နောက်မှ သိရတာက အသံဖမ်း ရီကော်ဒါ တင်ထားတာဆိုပဲ)
အခန်းထဲဝင်လိုက်တော့ အပြုံးကိုယ်စီနဲ့ လူနှစ်ယောက် မတ်တပ်ရပ်ကြိုနေပါတယ်။ ဘယ်ဘက် စားပွဲဘေးမှာ ရပ်နေသူကို (မတွေ့ဖူးပေမယ့်) မြင်မြင်ချင်း သိလိုက်ပါတယ်။ ဘခက်ပဲ။ တခြား စားပွဲတလုံးမှာတော့ (ကြည့်ရတာ) ပီကင်းပြန် တင်ရှိန်ပဲ ဖြစ်လောက်တယ်။
ကွာခြားချက်ကတော့ ဘခက်က ဘီလူးမျက်နှာနဲ့မောက်မာပြီး လူရည်လည်တဲ့ပုံ၊ တင်ရှိန်ကျတော့ မျက်နှာ မထားတတ်တဲ့ ပုံ။ သိပ်တက်တက်ကြွကြွ မရှိ၊ မတတ်သာလို့ ဟန်ဆောင်ပြုံးနေပုံ ရတယ်။
“ကျနော်က ရဲဘော် ဘခက်၊ သူက ပီကင်းပြန် ဗိုလ်တင်ရှိန်ပါ”
ကျနော် ပြုံးချင်သလိုလို ဖြစ်သွားမိတယ်။ ပဲခူးရိုးမမှာ ဖြစ်ခဲ့ကြတဲ့အကြောင်းချင်းတတွေ သိထားပြီးမို့ပါ။ ရည်းစားလုဘက် နှစ်ယောက် ဒီနေရာမှာတော့ တလှေထဲစီး တခရီးတည်း သွားနေကြပါလား။
ဘခက်က အင်မတန်မှ လှိုက်လှဲတဲ့ပုံစံနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလာပါတယ်။ ကျနော်က ကပြာကယာ လက်နှစ်ဖက် နောက်ပစ်ထားလိုက်တယ်။ သူကလည်း လူပါး အခြေအနေကို တမဟုတ်ချင်း ပြန်ထိန်း လိုက်တဲ့အနေနဲ့ …
“ ကဲ ထိုင်ဗျို့၊ နားဦးဗျာ … ဖြည်းဖြည်းချင်း ပြောကြတာပေါ့” လို့ ပြောပါတယ်။
“ ကဲ ဆေးလိပ်သောက်ဗျာ ” (ကျနော် မသောက်တတ်ဘူး)
“ ကွမ်းရော ” (မစားပါဘူး)
“ဒီလိုဆို လက်ဖက်ရည်သောက် … မုန့်စားပေါ့” (သြော် … ခက်ပါပြီ၊ ခင်ဗျားတို့ ကျွေးတာမွေးတာ စားဖို့သောက်ဖို့ အစကတည်းက သဘောထား မရှိဘူးဗျ)
သူ ကျွဲမြီးတိုသွားဟန် ရှိပါတယ်။
“ရပါတယ်၊ ရပါတယ်”ပြောပြီး ခေါင်းတညိတ်ညိတ် လုပ်နေပါတယ်။ ကျနော့်ရဲ့ ပထမ ထိုးစစ် ထိရောက်သွားပုံပဲ။
တခဏတော့ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့တယ်။ နောက်တော့မှ “ဒီလိုဗျာ … ခင်ဗျား အကိုနဲ့ အပြင်မှာ ခဏခဏ ဆုံဖြစ်ကြတယ်။ သူက ဒီတခေါက် လူတွေအများ ကြီးလွတ်လာပေမယ့် ကျုပ်ညီပါမလာဘူး၊ ကြည့်လည်း လုပ်ပေးပါဦးဗျာ … ပြောတာနဲ့ ခင်ဗျားကို ဦးစားပေး ခေါ်တာပါ” တဲ့။ (အပြင်ရောက်လို့ အကိုဖြစ်သူ ကို မေးကြည့်တော့ “ဟ ဒီကောင်နဲ့ငါက ကမ္ဘာရန်ပဲကွ၊ တွေ့ပါ့မလား” လို့ ဖြေပါတယ်။)
ကျနော်က “ဟုတ်ရဲ့လားဗျ” လို့ တုံ့ပြန်လိုက်တော့ သူ့အသံ တော်တော်နဲ့ ထွက်မလာ။ နောက်မှ …
“ဒီနေ့ ကိုမြ ပါမလာဘူး၊ အလင်းရောက် ရဲဘော်တယောက် အိမ်နေရာချထားဖို့ မင်္ဂလာဒုံဘက် သွားနေရတယ်။ သူပါမှ ဆွေးနွေးချင်တယ်ဆိုလည်း ရတယ်၊ မနက်ဖန် ရွှေ့လိုက်ကြတာပေါ့” လို့ ပြောထွက်လာတယ်။
“ကိစ္စမရှိပါဘူး၊ ခင်ဗျားတို့ ၃ ယောက်စလုံးနဲ့ ကျနော်နဲ့က ဘယ်တုန်းကမှသိခဲ့ဖူးကြတာ မဟုတ်ဘူး။ ဘယ်သူပါမှ မပါမှ ဆွေးနွေးချင်တယ်ဆိုတာမျိုး မရှိဘူး။ ကျနော့်ဘက်က တောင်းဆိုချင်တာတခုပဲ ရှိတယ်။ အစာငတ်ခံ တိုက်ပွဲဒဏ်ကြောင့် ကျနော့်မှတ်ဉာဏ်တွေ သိပ်မကောင်းဘူး။ ဖြတ်ပြောရဦးမယ်၊ ခင်ဗျားတို့ပြောတာပဲ နားထောင်ရမလား။ ကျနော်က ပြန်ပြောနိုင်ခွင့်ရှိသလား၊ သိချင်တယ်”
“ဟာ … ရပါတယ်။ ပြောချင်သလောက် ပြောနိုင်ပါတယ်”
“ကောင်းပြီ၊ ဒီလိုဆိုရင် ကျနော့်ကို မှတ်စရာ စာရွက်နဲ့ ခဲတံ ပေးပါ၊ မေ့မသွားခင် မှတ်တေးထားပြီးမှ ပြန်ပြောချင်တယ်။ ဖြစ်မလား?”
“ကျနော်တို့ကလည်း အဲဒီလို အပြန်အလှန်ဆွေးနွေးချင်တာပါ” … လို့ပြောပြီး ဘခက်က သူ့ အိတ်ထောင်ထဲက ဘောပင်တချောင်းထုတ်ပေးရင်း တင်ရှိန်ဘက်လှည့်ကာ “စာရွက်ပေးလိုက်ပါ” … လို့ လှမ်းပြောပါတယ်။ ( သြ … သူက အထက်ကပါလား)
တင်ရှိန် စာရွက်လာချစဉ် ဘခက်ပေးတဲ့ ဘောပင်လေးကို လှည့်ပတ်ကြည့်နေမိပါတယ်။ Lotus … တဲ့။ ဒီစဉ်က (၇၂ ခုနှစ် ဖြစ်မယ်) ဘောပင်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးသေးဟန် မတူ။ (သုံးရင်လည်း ထောင်ထဲ ၆ နှစ်လောက် ရောက်နေသူ တယောက်အနေနဲ့ မတွေ့ မသိ။)
ဒါကြောင့် စိတ်ဝင်စားပြီး ခုအထိ မှတ်မိနေသလား၊ နောက်တခုကထောင်ထဲမှာ ခဲတံ၊ ဖောင်တိန်ဆိုတာ ရတနာ ပါ၊ ဒါကြောင့် စွဲထင်သွားသလား မပြောတတ်။ ဘခက်က စကားဆက်ကို ပြန်ကောက်ပါတယ်။
“ပထမ အသုတ်ထဲ ခင်ဗျားပါမသွားတာက ခင်ဗျားဖြေလိုက်တဲ့ ၁၁ ချက်ထဲက အဖြေတွေကြောင့်ပဲ။ ခင်ဗျားက တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရစရာမရှိအောင် အပြစ်တင်ထားတယ်။ ကွန်မြူနစ်ပါတီ ကိုကျတော့ အရင်အတိုင်း အကဲဖြတ်ထားတာ တွေ့ရတယ်။ နောက် တရုတ်ပါတီနဲ့ ယဉ်ကျေးမှုတော်လှန်ရေး ကိုလည်း ထောက်ခံတယ် ပြောတယ်။ ဒီတော့ တရုတ်ပါတီ CPC နဲ့ CPB ဆက်ဆံရေးအတွင်းပိုင်း အခြေအနေ တွေ အာဏာလုပွဲအကြောင်းတွေကို ကိုတင်ရှိန်က စ, မိတ်ဆက်ပေးလိုက်ပါဗျာ”
ဆက်လက်ဖော်ပြပါမယ်။