Monday, February 2, 2009

တတိယလှိုင်း နဲ့ မျက်လှည့်ဝိုင်း

တတိယလှိုင်း နဲ့ မျက်လှည့်ဝိုင်း


အောင်ဆု


လမ်းဘေး ပလက်ဖောင်းဆိုပေမယ့်

ဘင်သံက သာတယ်။


လူစုံလာရင်

အမြင်အာရုံကို

လိမ်လည်လှည့်စားဖို့

ပညာရပ်တခု ထွက်ကြလာမယ် … ။


ကြည့်ကြ -

ကြိုးစက မြွေဖြစ်တော့မယ် … ။


ကြည့်ကြ -

ဖားကပြုတ်က

အဝတ်စုတ် ဖြစ်တော့မယ် … ။


ကြည့်ကြ -

မျက်လှည့်

လက်လှည့်

ပဉ္စလှည့်တွေနဲ့

လှည့်စားခံရသူရဲ့ ရင်မှာ

တစုံတရာ နာကျင်ခဲ့မယ်ဆိုရင်တော့ … ။


မပူပါနဲ့ဗျာ …

အစစ အရာရာ

ကုံလုံပြီးမြောက်စေမယ့်

သိဒ္ဓိပေါက် ဓာတ်လုံးကလေး

ဝိုင်းတပတ်ပတ်ပြီး ပေးခဲ့ပါမယ် … ။


ကဲ …

နေထန်းတဖျားလဲ ရှိခဲ့ပြီမို့

ကျနော့်အတွက်တော့

မြွေစာဖိုးကလေးသာ တုန့်ပြန်ခဲ့ကြပါတော့ … ။


လမ်းဘေး ပလက်ဖောင်းဆိုပေမယ့်

ဘင်သံက သာတယ် … ။


ကမ္ဘာ့ရွာမှာ

လှိုင်းတွေက တလှိုင်းပြီး တလှိုင်း

ဒီမှာက

မျက်လှည့်ဝိုင်းတွေ တဝိုင်းပြီး တဝိုင်း … ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ၅၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ကဗျာစုမှ။


No comments: