Saturday, January 31, 2009

ဂမ္ဘာရီ မြန်မာပြည်သို့ ရောက်ရှိ

မစ္စတာ အီဗရာဟင် ဂမ်ဘာရီ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဘီဘီစီ၊ ဇန်နဝါရီ ၃၁ ရက် ၂၀၀၉ ခုနှစ်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ဒီကနေ့ ဆိုက်ရောက်လာပါတယ်။


သူဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေရရှိအောင် နောက်တကြိမ် ထပ်မံကြိုးစားမှာဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီဟာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ်လို့ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မလုပ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


ပြီးခဲ့တဲ့ ၆ လက မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်ဆုံးရောက်လာတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့ တွေ့ဆုံဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာ ဂမ်ဘာရီရဲ့ ကြားဝင်ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် အားရကျေနပ်မှုမရှိဖြစ်နေတယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ။


No comments: