၅၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား မြင်ကွင်းတခု
နအဖ ၂၀၀၈ ဖွဲ့စည်းပုံရဲ့နောက်ဆက်တွဲကိစ္စများကို လက်မခံနိုင်တဲ့ မွန်ပြည်သစ်ပါတီ
ဘီဘီစီ၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ( ညပိုင်းအစီအစဉ်)
ဇန်နဝါရီလ ၁ ရက်နေ့က စတင်ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ညီလာခံဟာ မနေ့က ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ညီလာခံကနေပြီး လက်ရှိ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြောင်းနဲ့ အဲဒီအခြေခံဥပဒေကို အခြေခံပြီး နောက်ထပ်ပြုလုပ်မယ့် နိုင်ငံရေးဖြစ်စဉ်တွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး သူက မွန်ပြည်သစ်ပါတီရဲ့ တပ်ဖွဲ့ဝင်တွေကို နအဖတပ်ရဲ့အောက်မှာ ထားရှိဖို့ကိစ္စကိုလည်း ပါတီရဲ့ အရင် ရပ်တည်ချက်အတိုင်း လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ဓာတ်ပုံ - အင်တာနက်)
No comments:
Post a Comment