Monday, December 15, 2008

လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်




သတင်းစာဆရာကို ပြန်လွှတ်ပေး

လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်


ဘီဘီစီ၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၀၈ ခုနှစ်


မနေ့က သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဘုရှ်ကို ရှူးဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ သတင်းစာဆရာ မွန်တေဇာ အယ်ဇိုင်းဒီး (Muntazer al-Zaidi) ကို ပြန်လွှတ်ပေးဖို့ သူ့ရဲ့အလုပ်ရှင်ဖြစ်တဲ့ အီရတ်ရုပ်မြင်သံကြားဌာန အယ်ဘက်ဂဒါဒီးရ (al-Baghdadiya) က တောင်းဆိုလိုက်သည်။


ဆက်ဒန်ဟူစိန်ကို ဖယ်ရှားတုန်းက အမေရိကန်တွေ အီရတ်ပြည်သူတွေကိုပေးဖို့ ကတိထားခဲ့တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို မစ္စတာ အယ်ဇိုင်းဒီးက ကျင့်သုံးလိုက်တာပဲဖြစ်လို့ သူ့ကို ပြန်လွှတ်ပေးသင့်တယ်လို့ ရုပ်မြင်သံကြားဌာနက ဆိုသည်။


သမ္မတ ဘုရှ်ဟာ ရှူးဖိနပ်နဲ့ သီသီလေးလွဲသွားပြီး မစ္စတာ အယ်ဇိုင်းဒီးကိုတော့ လုံခြုံရေးတွေက တွန်းလှဲပစ်ပြီး စစ်ဆေးဖို့ ဖမ်းဆီးထားခဲ့သည်။ ။

(Photo : Internet)


No comments: